Part-23(Z+U)

14K 1.8K 389
                                    

*ဦး​လေးငယ်​*

တီ...တီ...တီ...

ဆေးရုံကြီးတစ်ခု၏​Monitorစက်​သံမှလွဲလို့တိတ်​ဆိတ်​​နေသည့်​​အထူးကြပ်​မတ်​ခန်းတွင်​ဖြူ​ဖျော့စွာလှဲ​လျောင်း​နေရ​သော​ကောင်​ငယ်​​လေးတစ်​​​ယောက်​ရှိ​လေသည်​...

Airconအမြင့်​ဆုံးထား​သော​အေး​စက်​စက်​အခန်းအတွင်း...ထို​ကောင်​ငယ်​​လေးမှာ​အေးချမ်းစွာလှဲ​လျောင်းအိပ်​စက်​​နေသ​လောက်​...နံ​ဘေးတွင်​ထိုင်​​နေ​သောလူတစ်​စုမှာတိတ်​ဆိတ်​စွာထိုင်​​နေပါ​သော်​လည်း...အိပ်​စက်​​နေ​သော​ကောင်​​လေး​လောက်​မ​အေးချမ်းနိုင်​....

ကောင်​ငယ်​​လေးမှာဖြူ​ဖျော့​ဖျော့လှဲ​လျောင်း​နေသည်​ဟုအ​ပေါ်ယံထင်​ရပါ​သော်​လည်း...အနားကပ်​ကာ​သေချာကြည့်​လျှင်​နှုတ်​ခမ်းတို့မှာအနည်းငယ်​ပြာနှမ်း​နေပြီး...အသားတို့မှာလည်း​တောင့်​တင်းကာ...ပြာနှမ်းနှမ်းဘက်​သို့ပင်​ကူး​နေ​လေသည်​...

လက်​ထဲဆုပ်​ကိုင်​မိထားတဲ့ခ​လေး​လေးလက်​​တွေကို​သေချာကြည့်​လျှင်ပြာနှမ်းနှမ်းလက်​သည်းခွံ​လေး​တွေရဲ့ထိပ်​​မှာပဲ့ထွက်​​နေလို့...ညိုပုတ်​ပုတ်​အ​ရောင်​နှင့်​​သွေး​ခြေဥ​နေကြ​သေးသည်​....

ဘာမှမလုပ်​​ပေးနိုင်​ပဲထိုင်​ကြည့်​​နေရတာကိုက...ရင်​ကိုခွဲပီးဆားသိပ်​​ခံ​နေရသလို...

Arrnyi...ထို့ထက်​ပိုနာကျင်​​နေ​သေးသည်​...

*မြန်​မြန်​နိုးလာပါ​တော့...ဘိုးဘိုးရဲ့​မြေး​လေး...ဘိုးဘိုးကိုကိုယ့်​ကိုယ်​ကိုဘယ်​​တော့မှခွင့့်​မလွှတ်​နိုင်​​အောင်​မလုပ်​ပါနဲ့...

'Appa...နားလိုက်​ပါ​တော့လား...သမီးတို့​လည်း​စောင့်​​နေတာပဲကို....Appaလည်းကျန်းမာ​ရေးသိပ်​​ကောင်းတာမဟုတ်​ပဲနဲ့...´

ချစ်​ရတဲ့​မြေးငယ်​​လေး...သက်​သာရဲ့လားနာကျင်​​နေလားဆိုတာ​တောင်​​သေချာမသိရပဲ...ဘယ်​လိုနား​နေရပါ့...

လက်​ထဲမှမလွှတ်​တမ်းကိုင်​ထားမိသည့်​...စာအုပ်ထဲမှ
မြေးငယ်​​လေးရဲ့ရင်​ဖွင့်​သည့်​စာတချို့တို့သည်​...သူ့ကို​နောင်​တကြီးကြီးတစ်​ခုရ​စေသည်​...

*ဦး​လေးငယ်​*Where stories live. Discover now