Part-33 ( Z+U)

12K 1.5K 231
                                    

*ဦး​လေးငယ်​*

"Good Morning သူ​ဌေး~~အခန်းထဲမှာ သူ​ဌေးနဲ့​တွေ့ချင်​လို့ဆိုပြီး ဧည့်​သည်​​ရောက်​​နေပါတယ်​ "

Chanyeolကိုမြင်​သည်​နှင့်​ဦးကြိုဂါဝရပြုတဲ့အတွင်း​ရေးမှူးမမ~~
ဒီ​နေ့Chanyeolအလုပ်​​စော​စော​လာမည်​ဆိုတာကြိုသိလို့ သူမလည်း​စော​စော​ရောက်​​နေခြင်းပင်​ဖြစ်​လိမ့်​မည်​..

ဂါဝရပြုနှုတ်​ဆက်​စကားဆိုတဲ့သူမကို​ခေါင်းတစ်​ချက်​ငြိမ့်​ပြလိုက်​ပြီး...

"ကြိုချိန်းထားတဲ့သူလား???"

"မဟုတ်​ပါဘူး သူ​ဌေး~~ကျွန်​မတစ်​ခါမှမမြင်​ဖူးတဲ့သူပါ"

Chanyeolအလုပ်​​တွေဇယ်​ဆက်​သလိုဆက်​​နေတဲ့ရက်​ပိုင်းမို့ ကြိုတင်​ချိန်းဆိုခြင်းမရှိတဲ့ဧည့်​သည်​​တွေကို ​တွေ့ဆုံခြင်းမရှိဘဲ ငြင်းဆို​နေခဲ့တာ...
ထိုလူ​တွေအတွက်​သီးသန့်​​ပေးဖို့အချိန်​Chanyeolမှာ လုံလုံ​လောက်​​လောက်​မရှိတာ​ကြောင့်​...

ဒီ​နေ့​တောင်​ မနက်​ပိုင်းရှယ်​ယာရှင်​အစည်းအ​ဝေးပြီးတာနဲ့ Kimအုပ်​စုရဲ့သမီးဖြစ်​သူModelလက်​သစ်​Taewon shiiနဲ့ Winter Fashion Showအတွက်​ Photoshootကရှိ​​နေ​သေးတာ​ကြောင့်​ အိမ်​ကက​လေးငယ်​ကို​တောင်​​ကျောင်းလိုက်​မပို့နိုင်​ခဲ့...

ထိုက​လေး​လေးမနိုးခင်​တည်းကထွက်​လာခဲ့တာဆို​တော့ ကျိန်း​သေ​ပေါက်​သူ့ကိုစိတ်​ဆိုး​နေလိမ့်​မည်​...

တစ်​ရက်​​လောက်​​တော့ သူ့အတွက်ကိုယ်​ပိုင်​အချိန်​တစ်​ခုဖန်​တီး​ပေးဦးမှပါ...

အိမ်​ကိုစိတ်​က​ရောက်​သွား​တော့ စိတ်ဆိုး​​နေမည့်ကေ​လးငယ်ကိုမြင်ေ​​ယာင်လိုက်သည်နှင့်​ သက်​ပြင်းဖွဖွချလိုက်​ရင်း...

"ဝင်​​တွေ့လိုက်​မယ်​"

"Nae..."

အခု​ရောက်​​နေတဲ့လူက​တော့ မနက်​​စော​စောလာမယ့်​သူ့ထက်​ ကြို​ရောက်​ကာ​စောင့်​​နေတာမို့ဝင်​​တွေ့ရန်​သာရှိ​တော့သည်​...

Chanyeolအခန်းထဲဝင်​ဝင်​ချင်း Sofaဘက်​ကိုကြည့်​မိ​တော့ ​စောင့်​​နေသည်​ဆိုသည့်​ဧည့်​သည်​ကရှိမ​နေခဲ့...

*ဦး​လေးငယ်​*Where stories live. Discover now