37(Extra)

8.9K 1.1K 291
                                    

*Special Gift for My Late T.T*

Studioကနေ ဘယ်လောက်မှတောင်သိပ်မမောင်းလိုက်ရဘဲ မြို့အတွင်းမှထွက်လိုက်သည်နှင့် ဟိုးအဝေးတစ်နေရာကနေ HOLLYWOOD ဆိုသောစာလုံးကို မှုန်ဝါးဝါးလှမ်းမြင်နေရပြီဖြစ်သည်...

နေဝင် Sunset အချိန်မှာမြင်ရတာမို့ပဲလား TVထဲမှာမြင်ဖူးနေကျကို အပြင်မှာကိုယ်တိုင်ကိုယ်ကျပဲတွေ့လိုက်ရလို့လားတော့မသိ ဘာမဟုတ်တဲ့စာလုံးစုလေးတွေကပင် လှနေသယောင်ယောင်...

ဒါမှမဟုတ် ဘေးမှာကားကိုလက်တစ်ဖက်တည်းနဲ့ ကျွမ်းကျင်ကျင်လည်စွာမောင်းနေတဲ့ ချစ်ရသူကြောင့်ပဲထင်တယ်...အကြောတွေအပြိုင်းပြိုင်းထနေတဲ့လက်ဖျံပေါ်မှာ မြတ်နိုးဖွယ်ရာ Tattooတချို့နှင့် မိုက်ချင်တိုင်းမိုက် ချောချင်တိုင်းချောနေတဲ့ ချစ်ရသူကြီးပေါ့...

ထိုလူကြီးကို သိသိသာသာငေးလိုက် Sunsetကို ငေးလိုက် အဝေးတစ်နေရာက Hollywood စာလုံးကိုလှမ်းမျှော်ကြည့်လိုက်နှင့် သဘာဝတရားကြီးကအလွန်လှပနေကာ တစ်နေလုံးငြီးငွေ့နေသမျှ ဘယ်သောင်ဘယ်ကမ်းကပ်ကုန်မှန်းမသိအောင်ကို ပပျောက်ကုန်လေသည်...

အာ...အခုမှသတိရတယ် ဦးလေးငယ်ခုထိနေ့လည်စာမစားရသေးတာကို...ထမင်းမေ့ဟင်းမေ့အလုပ်လုပ်တတ်တဲ့သူပီသစွာပင်သူကိုယ်တိုင်လည်းစားဖို့မေ့နေသလို Baekကိုပါနေ့လည်စာကျွေးဖို့မေ့နေ့ခဲ့သည့် လူကြီးပင်...

Baekမှာဗိုက်ဆာလွန်းလို့ မနေနိုင်လွန်းလို့ကိုMini Martကနေကိုယ့်ဘာသာကိုယ်သွားဝယ်စားလိုက်ရသည့်အပြင် ပျင်းရိလွန်းလို့ ကားပေါ်လာထိုင်ကာဆေးလိပ်လက်ကြားညှပ်နေမိသည့်အဖြစ်ကို သတိရတာမို့ အနောက်ဖက်မှာတင်ထားတဲ့မုန့်ထုပ်ကိုလှမ်းယူလိုက်ကာ စားကောင်းမည့်ပုံပေါ်သည့် အသားညှပ်ပေါင်မုန့်တစ်လုံးကို ယူဖောက်လိုက်သည်...

ထို့နောက် နွားနို့ဘူးလေးကိုပါ ပိုက်နဲ့ထိုးဖောက်ထားလိုက်ရင်း...

'ဦးလေးငယ် အာ~~'

မျက်လုံးကြီးပြူးကာ မေးဆတ်ပြလာသည့် လူကြီးကြောင့် Baekလည်းပေါင်မုန့်ကိုစားရန် မေးပြန်ထိုးပြလိုက်သည်...

You've reached the end of published parts.

⏰ Last updated: Oct 08, 2020 ⏰

Add this story to your Library to get notified about new parts!

*ဦး​လေးငယ်​*Where stories live. Discover now