Part-25(Z+U)

14.2K 1.9K 248
                                    

Long Time No See(✿◠‿◠)
So Hard Time For me😥 Exam Era~~

°•°•°•°•°•°
*ဦး​လေးငယ်​*
°•°•°•°•°•°

November ,27

မှန်​ချပ်​​ပေါ်မှာထင်​ဟပ်​​နေတဲ့မျက်​နှာကိုမမှိတ်​မသုန်​စိုက်​ကြည့်​​နေမိ​ပေမယ့်​...အ​တွေးစတို့က...ဖြတ်​​ကျော်​ခဲ့ရတဲ့အတိတ်​ကာလတို့၌တဝဲလည်​လည်​....

ကျ​နော်​အများကြီးခြားနား​နေခဲ့ပြီ...

လွန်​ခဲ့​သော၆လ​လောက်​ကမှန်​​ရှေ့မတ်​မတ်​ရပ်​တဲ့Baekhyunနဲ့...အခုမှန်​​ရှေ့ငုတ်​တုပ်​ထိုင်​​နေတဲ့Baekhyun...

တခြားစီဖြစ်​​နေခဲ့ပြီရယ်​...

လွန်​ခဲ့​သောBaekhyunကမှန်​ကြည့်​ပြီးအနာဂတ်​ကိုမှန်းဆကာ​ပျော်​ရွှင်​​နေတတ်​ခဲ့သ​လောက်​...ယခုBaekhyunက​တော့မှန်​လားမှားလားမသဲကွဲတဲ့အတိတ်​ကာလမှရုန်းထွက်​နိုင်​ဖို့ကိုအ​တွေးစတို့ကအစကြပ်​တည်းချုပ်​တီးခြင်းခံ​နေရတယ်​...

အရင်​ကအလှအပအရမ်းကြိုက်​ခဲ့တဲ့Baekhyun...အခု​တော့ခပ်​နွမ်းနွမ်းမျက်​နှာကိုသာပန်းတစ်​ပွင့်​နှယ်​အမြတ်​တနိုးဆင်​မြန်း​နေဖြစ်​တယ်​...

အရင်ကလူအများသတိထားခံရချင်​သ​လောက်​...လူအများရဲ့စိတ်​ဝင်​စားတာကိုခံချင်​ခဲ့သ​လောက်​...အခု​တော့လူမသိသူမသိဘဝနဲ့​နေထိုင်​သွားဖို့ကိုစိတ်​​လော​နေမိပြန်​တယ်​...

အရင်​ကမိဘအ​မွေဖြစ်​တဲ့Idolဘဝကို​အောင်​မြင်​​ကျော်​ကြား​အောင်​လုပ်​ပြမယ်​ဆိုပြီး​ကြွေး​ကြော်​ခဲ့မိသ​လောက်​...အခု​တော့...ငယ်​ငယ်​ရွယ်​ရွယ်​နဲ့အိမ်​​ထောင်​သည်​ဘဝကိုခံယူဖို့စိတ်​အားထက်​သန်​သွားပြန်​တယ်​...

အရင်​ကနဲ့အခု...

အရမ်းကိုကွာခြားလွန်း​နေခဲ့ပါပြီ...

ဒါ​ပေမယ့်လည့်း...BaekhyunဟာBaekhyunပါပဲ...

ဖြစ်​ချင်​တဲ့ဆန္ဒကိုအမြဲဦးစား​ပေး​နေဖြစ်​တဲ့Baekhyunမို့...

နောင်​တရလားလို့​တော့မ​မေးပါနဲ့...

နောင်​တဆိုတာဘာမှန်းမသိ​လောက်​​အောင်​ကို...အခုကျ​နော်​​ပျော်​ရွှင်​​နေမိတာမို့...

*ဦး​လေးငယ်​*Where stories live. Discover now