Part-13(Z+U)

13.6K 1.5K 181
                                    

*ဦး​လေးငယ်​*(Zawgyi)

'Omma!!!!....Ommma!!!!....Ommmma!!!!...'

Byun MaMaတစ်​​ယောက်​ပန်းကန်​ခွက်​​ယောက်​​ဆေး​ကြော​နေရင်းမှ အ​နောက်​ဘက်​တည့်​တည့်​မှ​မွေးကင်းစခ​လေးငယ်​...ဆွဲဆိတ်​ခံလိုက်​ရသည်​နှင့်​တူ​သော​အော်​သံဖြင့်​အလနိ့တကြားထ​အော်​​လေ​သောByunသားငယ်​သည်​...ငယ်​ရွယ်​စဉ်​တည်းက...သူမကိုထိတ်​လန့်​​စေသလို...ယခုတိုင်​လည်းလိပ်​ပြာပါလွင့်​သွား​စေနိုင်​​လောက်​​လေသည်​...

ငယ်​စဉ်​အခါ​ထွေးပိုက်​​မွေးမြူကာ...မည်​သည့်​အရာမှအထိခိုက်​မခံ...​လေအတိုးမခံခိုင်းခဲ့​လေ​သောတစ်​ဦးတည်း​သောသားငယ်​​လေးသည်​...မျက်​စိ​ရှေ့တွင်​ပင်​သူမအရပ်​ကို​ကျော်​လွန်​ကာ​ကောင်း​ကောင်းမွန်​မွန်​ကြီးပြင်းလာခဲ့သည်​...

တီတီတာတာနှင့်​ချွဲနွဲ့ကာ...စကားကိုမပီတပီ​ပြောရင်း...သူမကိုမျက်​စိ​အောက်​မှအ​ပျောက်​မခံခဲ့​သောအရွယ်​ကို​ကျော်​လွန်​လာ​လေသည်​....

ထို့အပြင်​...

'Omma!!!'

ဒေါက်​!!!

'​သေမလိုဖင်​​ခေါင်းပြဲတဲ့အသံနဲ့​အော်​​နေရလား...'

'Omma!!!သား​ခေါင်းကို​ခေါက်​ပြန်​ပီ!!!'

ထိုကဲ့သို့သူမကိုပြန်​​အော်​ကာ...သူမနဲ့အတူရန်​အပြိုင်​ဖြစ်​​နေသည်​အထိကြီးပြင်း​နေခဲ့​လေပီ...

အ​ခေါက်​ခံထားရ​သောသူ့ငယ်​ထိပ်​ကိုလက်​နှင့်​ပွတ်​​ချေကာ...ပါးစပ်​ကပွစိပွစိတတွတ်​တွတ်​​ပြောဆို​နေကာ...သူမကိုမျက်​​စောင်းတခဲခဲနှင့်​...

ငယ်​ရွယ်​စဉ်​ကအသည်းခိုက်​မတတ်​ချစ်​ခဲ့ရသ​လောက်​...သူ့အ​ဒေါ်​တွေအလိုလိုက်​အကြိုက်​​ဆောင်​​နေသည်​နှင့်​အမျှ...သူအိမ်​တွင်း​ကြောက်​တဲ့သူ...မကျန်​မှာစိုးလို့မာန်​ခဲရင်းနှင့်​မှ...လုံးလုံးမျက်​နှာချင်းဆိုင်​မရ​တော့သည့်​သားအမိအဖြစ်​သို့တဖြည်းဖြည်းအသွင်​ကူး​ပြောင်းလာခဲ့ရခြင်းပင်​ဖြစ်​သည်​...

'Omma!!!သား​ခေါ်​နေတာကိုဘာလို့လှည့်မကြည့်​တာလဲ...သားအသံတိုး​နေလို့လား...'

*ဦး​လေးငယ်​*Where stories live. Discover now