Tae 💋 (Ep-6)

1.5K 163 19
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

Fany ကျောင်းမသွားခင် Tae ရောက်ရောက်လာတတ်ကာ Sunny တို့ သုံးယောက် Fany အိမ် ရောက်လာပြီးမှ လေးယောက်လုံးကို Bus ကားဂိတ်သို့ Tae လိုက်ပို့ပေးတတ်သည်။ ကားထွက်သွားမှ Fany တို့ဆိုင်ဘက် ခြေဦးလှည့်ပြန်သွားတတ်၏။

Fany တို့ ကျောင်းဆင်းချိန်ဆို Bus ကားဂိတ်မှာ Tae လာစောင့်နေတာနဲ့ အမြဲကြုံသည်။ ကားပေါ်မှာ Fany တို့ ပါမပါ သူ့အရပ်လေးနဲ့ ခြေဖျားထောက်ပြီး ကြည့်ရတာအမော။ ပါလာလျှင် ကားတံခါးနားထိ တိုးရပ်ကာ လာကြိုတတ်သည်။

ကားပေါ်မှ တိုးဝှေ့ဆင်းလာသော Fany တို့ လေးယောက်ဆီက ထီး ၊ ထမင်းဘူး ၊ File တို့ကို အောက်က ဆီးသယ်တတ်လေသည်။ ကားအောက်ရောက်ကြလျှင် Sunny တို့ Soo တို့ Yoona တို့က သူတို့ပစ္စည်း သူတို့ပြန်ယူကြသော်လည်း Fany ကတော့ မယူရ။ Fany တောင်းလျှင် Tae က မပေး။ အိမ်အထိ သူပဲ သယ်တာမို့ Sunny တို့က စချင်သည်။

Sun: TaeTae shi က Fany ပင်ပန်းမှာ တော်တော်ကြောက်ပုံရတယ်နော်

Tae: Fany က မနက်ဆို ကျောင်းတက်ရ ပြန်လာရင် စာအုပ်ဆိုင်ထိုင်ရ အိမ်အလုပ်လုပ်ရနဲ့ ပင်ပန်းလို့ပါ

Soo: ဒါများ Soo တို့လည်း ဒီလိုပဲဟာ

Tae: Fany က Chaw အလုပ်ရှင်ပါ

Yoon: လခ ဘယ်လောက်ရလဲ

Tae: တစ်လကို Strawberry Milkshake ခွက် ၃၀

Yoon: ဒီလခမျိုး မကြားဖူးဘူး အဆန်းပဲ

Fany ကတော့ ပြုံးလျက်သာ။ Fany သူငယ်ချင်းတွေနဲ့လည်း Tae က ပြေလည်သည်။ တော်တော်တော့ အစ အနောက်ခံရ၏။ Tae ပုံစံကလည်း ပြောရဲဆိုရဲ ရှိချင်စရာ။

Sunny ရော Soo ရော Sunny ရော ပွင့်လင်းသူတွေချည်းမို့ Tae မှာ တစ်ခါတစ်ခါ အနေတောင်ခက်နေရသည်။ အိမ်ခြေရာခြေ အတိအကျမသိရသော အလုပ်လက်မဲ့ Tae ကို ခင်မင်ရုံထက်ပိုပြီး သူတို့က ဘာမှ အရေးမထား မစဉ်းစားပေမယ့် Fany ကတော့ Fany ဘေးမှာ လူထူးလူဆန်း Tae တစ်ယောက် ရှိနေတာကိုပဲ ကြည်နူးကျေနပ်နေမိ၏။

အစကတော့ Sunny တို့လည်း Tae အကြောင်းကို စပ်စပ်စုစု ဝိုင်းမေးတတ်ကြသေးသည်။ Tae က လိမ္မာပါးနပ်စွာ စကားလမ်းကြောင်းလွှဲကာ ရှောင်လွှဲထွက်သွားသည်ချည်းပါပဲ။ Tae အကြောင်း ဘာမှမသိရတာကိုတော့ Fany စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ဒါပေမယ့် Tae ကို Fany သံ​ယောဇဉ်​ ကြီးနေခဲ့မိသည်။

Tae 💋 [Completed]Where stories live. Discover now