Tae 💋 (Ep-11)

1K 154 8
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

မျက်စိနှစ်လုံးပွင့်ကာ အိပ်ရာမှ သေသေချာချာ နိုးမိသည်နှင့် တစ်ပြိုင်နက် Taeyeon မျက်ခုံးတွေက တွန့်သွားရတော့သည်။ ညကအိပ်မက်ကို ခုထိ မှတ်မှတ်မိမိ ရှိနေသည်။

အိပ်မက်ထဲမှာ Fany က ဆေးရုံကုတင် တစ်ခုပေါ်မှာ အင်္ကျီဖြူဖြူ .. စောင်ဖြူဖြူ .. မျက်နှာဖြူရော်ရော်ကလေးနှင့် ပက်လက်အိပ်မောကျနေသည်။ လက်မောင်းမှာ သွေးပုလင်းမှ အပ်ကလေးက စိုက်သွင်းလျက်သား။

Fany .... နေမှကောင်းရဲ့လား

သက်ပြင်းတစ်ချက်ချကာ စောင်ကိုခွာပြီး အိပ်ရာမှထသည်။ ခပ်လှမ်းလှမ်းက ကုတင်မှာ Jessica ရှိမနေတော့။

မျက်နှာသစ်ကာ အဝတ်အစားလဲပြီးမှ အခန်းတံခါးဖွင့်ထွက်ခဲ့၏။ မမျှော်လင့်ဘဲ ဂျင်းဘောင်းဘီကို ဝတ်ဖြစ်မိလျက်သား ဖြစ်နေတာမို့ ... Fany ကို များစွာ သတိရမိတာ အမှန်ပင်။

အောက်ထပ်စားသောက်ခန်းမှာ ဝင်ထိုင်လိုက်သည်။ Waiter ကောင်လေးက ပြေးလာကာ .....

Waiter: အစ်မ .. Ms.Jung က အပြင်ခဏသွားပါတယ်

Taeyeon: ဟုတ်လား ကြာမယ်တဲ့လား

Waiter: ခဏပဲတဲ့ ဓာတ်ပုံရွေးစရာရှိလို့တဲ့ အစ်မ

Taeyeon: ဓာတ်ပုံ?

Taeyeon မျက်မှောင်ကုတ်သွားရသည်။ သို့သော် ကြာကြာတွေးမနေတော့ဘဲ ခေါင်းမော့ကာ .....

Taeyeon: Coffee တစ်အိုးပေး .. ငါ့ဟာငါဖျော်မယ် .. ပြီးတော့ ပေါင်မုန့်နဲ့ ကြက်ဥ half fried တစ်ပွဲပေး

Waiter: Nae

ကောင်လေး ပြန်ထွက်သွားသည်။ Busan ရောက်တိုင်း တည်းနေကျ hotel မို့ ဝန်ထမ်းများနှင့်လည်း ရင်းနှီးခင်မင်သည်။ ပိုင်ရှင်နဲ့လည်း ခင်တာကြောင့် ပိုက်ဆံမလောက်ရင်တောင် အကြွေးထားခဲ့လို့ရသည်။ Taeyeon လို လူတစ်ယောက်ဆီမှ ရဖို့ပိုက်ဆံကို မယုံမကြည် မျှော်နေစရာမလိုမှန်း သူတို့သိသည်။ Coffee ပွဲက မြန်မြန်ပင် ရောက်လာ၏။

Waiter: အစ်မ နေ့လည်စာ ဒီမှာပဲ စားမှာလား

Taeyeon: မသိသေးဘူး .. Jessica မှာ ဘာအစီအစဉ် ရှိမလဲ ငါမသိဘူး .. နောက်တစ်မြို့ ဆက်ဖြစ် မဖြစ်လည်း မသေချာသေးဘူး

Tae 💋 [Completed]Where stories live. Discover now