Tae 💋 (Ep-23)

569 82 34
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

"ကျွန်တော်ကတော့ Jaundice (အသားဝါ) လို့ သတ်မှတ်တယ်"

ဆရာဝန်လေး၏ စကားကြောင့် Kim Taeyeon က လှမ်းကြည့်လိုက်မိ၏။

Doctor: အရင်က ဖြစ်ဖူးလား

Taeyeon: ကျောင်းသူဘဝတုန်းက‌တော့ တစ်ခါ ဖြစ်ဖူးတယ်

ဆရာဝန်လေးက Kim Taeyeon ၏ မျက်ဝန်းအောက်ဘက် မျက်ခမ်းစပ်ကို ဆွဲချကာ အရောင်ကို စစ်ဆေးနေသည်။

Doctor: အပေါ် ကြည့်ပါဦး .. ဟုတ်ပြီ .. ညာဘက်ဘေး ကြည့်လိုက်ပါဦး .. အင်း ရပါပြီ

ကိုယ်ပူရှိန်ကြောင့် မျက်လုံးတွေပါ ပူနေသလိုဖြစ်ကာ ကျိန်းစပ်နေရသည်။ Jessica က ဆရာဝန်ရှေ့ထိုင်ကာ ညွှန်ကြားချက်တွေ နားစွင့်နေစဉ် အခန်းဝက ခန်းဆီးကိုဟကာ Mr.Park ကလည်း နားထောင်နေသည်။

Doctor: Juice များများသောက်ပေါ့ .. အဖတ်မစားနဲ့ဦး .. အဖျားကျရင် ဆန်ပြုတ်လောက် စသောက်နိုင်ပြီ .. ပင်ပင်ပန်းပန်း လှုပ်လှုပ်ရှားရှား မလုပ်နဲ့

Taeyeon: ကျွန်မက ဒီမှာ ဧည့်သည်ရှင့် .. Seoul ကို ပြန်ဖို့ရှိပါတယ် .. အဲ့ဒါရော

Doctor: ခရီးသွားရတာ ပင်ပန်းပါတယ် .. ရထားနဲ့ ကားနဲ့ဆိုရင် ပိုဆိုးတာပေါ့ .. ဒီမှာပဲ ခဏ ဆက်နားနေလိုက်ပြီး သက်သာလာမှ Seoul ကို ပြန်သင့်တယ်

Mr.Park: ဒီမှာပဲ ဆက်နေလိုက်ပါ Boss .. တည်းတဲ့နေရာကနေ ကျွန်တော့်အိမ် ပြောင်းနေလိုက်ပါ .. အိမ်မှာ အနားယူပြီး ပျောက်မှပဲ Seoul ကို ပြန်ပေါ့

Mr.Park က အခန်းဝမှ လှမ်းပြောသည်။ Kim Taeyeon က ဘာမှ ပြန်မဖြေ။ အလိုက်သင့်မျှောပြီး "အင်း .. ကောင်းသားပဲ" ဘာညာ ပြောမနေချင်။
ရင်ထဲမှာ အိမ်ကိုသာ ပြန်ချင်စိတ်က တအားကြီးနေပြီ။ နေမကောင်းဖြစ်လာတော့ အိမ်ကို ပိုတမ်းတသည်။

Doctor: နောက်သုံးရက်လောက်မှာ တစ်ခေါက် ပြန်လာပြပေါ့

ဆရာဝန်လေး၏ စကားကို မကောင်းတတ်၍သာ ခေါင်းညိတ်ပြလိုက်ရသည်။ စိတ်ထဲကတော့ "နောက်သုံးရက်ဆို အိမ်ပြန်ရောက်နေပြီ" ဟု တီးတိုးပြောချင်နေသည်။

ဆေးခန်းထဲက ပြန်အထွက်မှာ သူတစ်ပါးအမှီအတွယ် မယူချင်လို့သာ ဟန်ဆောင်ပြီး ခပ်မတ်မတ် ထွက်လာရပေမယ့် ခေါင်းက မူးဝေကာ လူက နုံးနေသည်။ ကားပေါ်အရောက်မှာတော့ နောက်ခန်းထဲ ခြေပစ်လက်ပစ် မှီကာ ပါလာခဲ့၏။

Tae 💋 [Completed]Where stories live. Discover now