Tae 💋 (Ep-22)

574 81 23
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

Omma က Juniel နှင့် ပတ်သက်သမျှ ပြောပြလိုက်ပြီးသည့်နောက်မှာ Fany အပေါ် ထားနေမည့် Tae သဘောထား စိတ်ရင်းမှန်ကိုပါ Fany တွက်ဆမှန်းလိုက်နိုင်ပါသည်။

Fany: Omma ရယ် Fany အခု သူ့ကို လုံးဝ နားလည်လိုက်ပါပြီ .. Fany တို့ အဆင်မပြေဖြစ်နေခဲ့ရတာလည်း ဒီကိစ္စပါပဲ .. သူက Fany ကို သူ့ပစ္စည်းဥစ္စာအပေါ်မှာ သာယာမိန်းမူးမယ့် မိန်းမမျိုးလားလို့ သံသယဝင်နေတာပါ

Hyo: ဪ Taeyeon က သမီးအပေါ် ဒီလိုမြင်နေတာကိုး .. ဒါဖြင့်လည်း ဘာကြောင့် လက်ထပ်ခဲ့သေးသလဲကွယ် .. လက်ထပ်ပြီးမှ အဆင်မပြေကြတော့ Omma လည်း စိတ်မကောင်းနိုင်ဘူး

Fany: Tae က ခဲမှန်ဖူးသလို ဖြစ်နေတာကိုး .. Fany သဘောပေါက်ပါပြီ

Hyo: Juniel ကိစ္စကိုလည်း သံသယရှင်းပါ သမီးရယ် .. စိတ်ထဲမှာလည်း အဖုအထစ် မထားပါနဲ့တော့

Fany: မထားပါဘူး Omma .. သူ .. သူက မသိတာပါ .. Fany က သူ့ကို ဖြူဖြူစင်စင် ချစ်ခဲ့တာပါ Omma ရယ်

Fany မျက်ရည်တွေ တလိမ့်လိမ့်ကျကာ အံကလေးကြိတ်လျက် ဝမ်းနည်းအားငယ်စွာ ဆိုဖြစ်သည်။

Tae ရယ်။ Tae ကို Fany အမြင်ရှင်းသလို Fany အပေါ်လည်း အမြင်ရှင်းစမ်းပါတော့။ သံသယတွန်းအားနဲ့ Fany ကို မထိတထိ ရက်စက် နှိပ်စက်ချင်စိတ်တွေ ဖျောက်ပေးပါ။ Tae ကို Fany က  "TaeTae" အဖြစ်နဲ့ ချစ်ခဲ့တဲ့သူပါ Tae ရယ်။

တကယ်ဆို Juniel ကိစ္စပါ ဖွင့်ပြောထားပြီး Fany ကို သံသယရှင်းနိုင်တဲ့ အချိန်စောင့်ပြီးမှ Tae လက်ထပ်ယူခဲ့သင့်တာပေါ့။ ခုတော့ Tae က မပွင့်လင်းခဲ့ဘူး။ ချစ်လွန်းလို့ ယူထားတာဆိုပေမယ့်လည်း Tae ပြုမူခဲ့ပုံတွေက Fany ကို တမင် နှိပ်စက်နေသလိုပါပဲ။ Fany ရင်ထဲက အချစ်ကို တန်ဖိုးထား ယုံကြည်စမ်းပါလား Tae ရယ်။

************

ပထမဆုံး ဘာသာရပ် ဖြေဆိုရသောရက်မှာ Tae ကို ဘာကြောင့်မှန်းမသိ အရမ်းပင်လွမ်းကာ အားကိုးအားထား တမ်းတနေမိလေသည်။ ညပေါင်းများစွာ အိပ်‌ရေးပျက်ခံ စာကျက်ခဲ့သော ဒဏ်နှင့် လူက‌လည်း နုံးခွေခွေ။

ဘာပဲဖြစ်ဖြစ် စာမေးပွဲအောင်မှာကိုတော့ Fany သိနေပါသည်။ Fany က သေသေချာချာ စာကျက်ထားသူပဲလေ။ Tae ကို တွေ့ချင်တာရယ်၊ "Fany စိတ်အေးအေးထားဖြေနော် အောင်မှာပါ" ဘာညာ အစရှိသဖြင့် Tae ထံမှ မရနိုင်သည့် အားပေးစကားများကို တမ်းတမိတာရယ်ကိုတော့ ဖြေဖျောက်မရ။

Tae 💋 [Completed]Where stories live. Discover now