Tae 💋 (Ep-25)

562 84 19
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

အိပ်ရာပေါ်မှာ ပက်လက်အနေထားနှင့် ရှိနေရာမှ Fany အရွေ့အလျားကို Taeyeon လိုက်ကြည့်နေမိသည်။ ရေချိုးခန်းထဲက ပြန်ထွက်လာကတည်းက စောင့်ကြည့်နေတာ။ မျက်နှာသုတ်ပုဝါ အဝါရောင်ဖျော့ဖျော့ကြီးကို ပုခုံးမှာ လုံအောင် ပတ်ခြုံလာတာမို့ မျက်နှာသုတ်ပုဝါ အပေါ်ဘက်နားက ထွက်နေသော မျက်နှာကလေးက ဝင်းပ ပြည့်ဖောင်းနေလေသည်။

ရေစက်ကလေးတစ်ချို့ သီးနေသော မျက်နှာကလေးက ခပ်တည်တည်နှင့် Taeyeon ဘက်ကို လုံးဝမကြည့်။

မှန်တင်ခုံရှေ့ ဝင်ထိုင်ကာ သိမ်မွေ့ ဖြည်းညင်းစွာ ရေသုတ်နေသည်။ ရေစင်သွားသော မျက်နှာကလေးကို skincare ပါးပါးလူးနေဟန်က ငြိမ်းချမ်းလွန်းလှပါဘိ Fany လေးရယ်။

Skincare လူးအပြီး Lip balm ကို လက်‌ချောင်းကလေးနှင့်ယူကာ နှုတ်ခမ်းလေးကို အသာပွတ်လိမ်းနေရင်း မလုံမလဲစိတ်နှင့် မှန်ထဲမှတစ်ဆင့် Tae ကို Fany လှမ်းကြည့်မိသည်။

မျက်လုံးတွေ ကြွေကျတော့မတတ်နှင့် စိုက်ကြည့်နေတာမို့ Fany မနေတတ်အောင် ဖြစ်သွားရသည်။ နေရာမှ ထကာ ဗီရိုထဲမှ အဝတ်အစား ထုတ်ယူပြီး ရေချိုးခန်းထဲ ပြန်ဝင်လာခဲ့၏။

ပြန်ထွက်လာတော့ စိုနေသော ဆံပင်ကို သုတ်ပြီး စာကြည့်စားပွဲမှာ အေးချမ်းစွာ ဝင်ထိုင်လိုက်တာမို့ Taeyeon စိတ်ညစ်သွားရသည်။ စာကြည့်စားပွဲမှာ ထိုင်နေတော့ ကုတင်ဘက်ကို ကျောပေးအနေအထား ဖြစ်နေသည်။

Taeyeon: Fany

Fany: ဟုတ်ကဲ့ .. ဘာလိုချင်လဲ

Taeyeon: ဆေးသောက်ချိန် ရောက်ပြီလား

Fany: ဆယ့်ငါးမိနစ်လောက် လိုပါသေးတယ် .. ဗိုက်ဆာလို့လား Kim Taeyeon shi

Taeyeon: မဆာပါဘူး .. မဆာသေးဘူး

Fany: ဆာရင် ပြောပါနော်

Taeyeon: အင်း

Fany က ပြန်လှည့်ကာ ခေါင်းငုံ့ စာဖတ်နေသည်။ နောက်ကျောဘက်က ကြည့်တော့ Fany က ပိုပိန်နေသလိုပင်။ အင်္ကျီကိုယ်ကြပ်ကလေး ဝတ်ထားတော့ ပိုသိသာသည်။

Fany က အိပ်ရေးပျက်တာနှင့် လိုက်ပြီး အစားပါ ပျက်တတ်သူမို့ စာမေးပွဲရက်အတွင်း အသားတွေ လှီးထုတ်ပစ်လိုက်သလို သိသိသာသာ ပိန်ကျသွားသည်။ မျက်တွင်းကလေးတွေဆို ဟောက်ပက်ကာ မျက်လုံးအပြူးကလေးသာ ‌ပေါ်နေ၏။ လက်ချောင်းက‌လေးတွေကအစ အရိုးအဆစ်ကလေးတွေ ပေါ်လာသည်။

Tae 💋 [Completed]Where stories live. Discover now