Tae 💋 (Ep-14)

1.2K 161 41
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

Fany ကို Yuri က တံခါးလာဖွင့်ပေးသည်။ Fany လက်တွင်းက ပန်းချီကားချပ်ကို ဘာပစ္စည်းမှန်း မသိတာမို့ ငုံ့ကြည့်ရင်း .....

Yuri: ကျွန်မသယ်ခဲ့မယ် Agasshi

Fany: ရတယ် Yuri shi .. ပေါ့ပေါ့လေးပါ .. Fany ဘာသာပဲ သယ်သွားလိုက်မယ် .. Omma ရော

Yuri: အိမ်ပေါ်မှာ ရှိပါတယ် .. ခုနကပဲ ရေချိုးလို့ ကောင်မလေးတွေ ကူညီလုပ်ကိုင်ပေးနေပါတယ်

Fany: ရေချိုးတာ နောက်ကျလိုက်တာ

Fany က တီးတိုးပြောရင်း လှေကားဆီ လျှောက်လာလိုက်၏။ လှေကားရင်း ဖိနပ်စင်မှာ ဖိနပ်ထားဖို့ ချွတ်စဉ် Fany မျက်လုံးလေးတွေ ရွှန်းလက်သွားရသည်။

ဖိနပ်စင်ပေါ်မှာ Tae စီးသွားသော leather shoe ဖိနပ် နက်ပြောင်ပြောင်လေး ရှိနေသည်။ ရင်ထဲ ဝမ်းသာတုန်လှုပ်သွားရခြင်းကို မဖုံးဖိနိုင်ဘဲ .....

Fany: Yuri shi .. Tae ပြန်ရောက်နေပြီလား

Yuri: Nae

Fany လှေကားကို အပြေးအလွှား တက်သွားမိရင်း ရင်တွေခုန်နေသည်။ Fany တို့ အခန်းဝနားရောက်မှ ခြေလှမ်းလေးတွေ နှေးသွားရ၏။

Tae ကို ဝမ်းသာကြည်နူးစွာ Fany နှုတ်ဆက်ချင်ပေမယ့် Tae က ကြိုက်ဦးမှ .. Tae လက်မောင်းကို ပြေးကိုင်ဖက်တွယ်ပြီး Fany မျက်ရည်ကျလိုက်ချင်သည်။ ဒါပေမယ့် Tae ကို Fany ... ကြောက်ပါတယ် Tae ရယ်။

Tae လက်မောင်းမှာ Fany နွဲ့ဖို့ .. Tae ရင်ခွင်ထဲ ခိုဝင်ဖို့ နေနေသာသာ .. "Tae" ဟု ခေါ်ရမှာကိုပင် မဝံ့ရဲ။

Tae ပဲ ပြောခဲ့တာ မဟုတ်လား Tae ရယ် ..

"TaeTae ဆိုတဲ့ အလွယ်တကူ ပေးလိုက်တဲ့ နာမည်ကြောင့်သာ Tae လို့ ခေါ်ခိုင်းခဲ့တာ .. ငါ ... အရင်က TaeTae မဟုတ်ဘူး .. Kim Taeyeon" တဲ့။

Fany အခန်းတံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။ လှမ်းမြင်နေရသော ကုတင်တစ်ခုပေါ်မှာ Tae က ပက်လက်အိပ်ကာ နဖူးပေါ် လက်မောင်းတင်ထားလျက်။

Fany ခြေသံမကြားအောင် ခပ်ဖွဖွ နင်းလျှောက်ဝင်ခဲ့သည်။ စားပွဲပေါ်မှာ ပန်းချီကားချပ်ကို တင်ကာ Tae ကို လှမ်းကြည့်လိုက်မိ၏။

Tae 💋 [Completed]Where stories live. Discover now