Tae 💋 (Ep-7)

1.2K 123 16
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

Tae .. Fany ကို ချစ်နေကြောင်း ဖွင့်ပြောသည့်နေ့က မိုးတစိမ့်စိမ့်ရွာနေသည့် တစ်ရက်။

ပန်းခြံထဲက အအေးဆိုင်တစ်ခုမှာ Tae နဲ့ Fany ထိုင်နေသည်။ ဒီနေ့မနက်ကမှ ထွက်သော ကာတွန်းနှစ်အုပ်နှင့် ဝတ္ထုတစ်အုပ် , Magazine တစ်အုပ် Fany ဝယ်လာသည်။ Tae က ကြွပ်ကြွပ်အိတ်နဲ့ထည့်ပြီး ကိုင်လာသည်။

Fany တို့ Strawberry Milkshake ပဲ သောက်ဖြစ်ကြသည်။ Fany ကြိုက်လွန်းလို့တော့မဟုတ် .. Tae ကြိုက်လို့ Fany မှာတာပါပဲ။

Fany: TaeTae ... ဒီဆိုင်က Milkshake နဲ့ Fany ဖျော်တာ ဘယ်ဟာပိုကောင်းလဲ

Tae က ပြုံးကာ တစ်ငုံမြည်းကြည့်ပြီးမှ .....

Tae: Fany ဖျော်တာကောင်းတယ်

Fany ခေါင်းမော့ကာ ရယ်လိုက်တော့ ခန္ဓာကိုယ်​လှုပ်သွားကာ Fany ပေါင်ပေါ်တင်ထားသည့် Sweater အဖြူလေး မြေကြီးပေါ် ပြုတ်ကျသွားသည်။ Fany ရော Tae ပါ ပြိုင်တူကောက်လိုက်မိတာမို့ Fany က ရယ်ကာ လက်ရုတ်လိုက်သည်။ Tae က ကောက်ယူကာ Tae ပေါင်ပေါ်ပဲတင်ထားလိုက်သည်။

Fany: Fany ကို ပေးလေ

Tae: မပေးဘူး

Fany: Hum Wae?

Tae: မပေးချင်လို့ပေါ့

Fany: ဘာလို့မပေးချင်တာလဲ

Tae: မပေးချင်တာ ယူထားချင်လို့ပေါ့ Fany ရာ မေးလှချည်လား

Fany: အမယ် လေသံကမာလှချည်လား

Tae: မာဆို ဒီနေ့ Milkshake ကို Fany ကို Chaw တိုက်မှာလေ

Tae က ပြုံးတုံ့တုံ့နဲ့ ခေါင်းငုံ့ကာ Sweater လေးကို ခေါက်နေရင်း ပြောသည်။ ခင်မင်သိကျွမ်းခဲ့သမျှ အချိန်လေးလကျော် ငါးလလောက်အတွင်း တစ်နေရာရာ သွားဖြစ်သမျှ ဘာကိုပဲ စားဖြစ်သောက်ဖြစ် Fany ကပဲ ပိုက်ဆံရှင်းလေ့ရှိသည်။

Tae မှာ ပိုက်ဆံပါမပါ မသေချာတာကတစ်ကြောင်း ... ပြီးတော့ Tae ပြောစကားတွေအရ Tae မှာ အခက်အခဲရှိမှာကို ကြိုသိနေမိတာကလည်း တစ်ကြောင်းဖြစ်သည်။

Tae က "Chaw တိုက်မှာ" ဟု ဆိုလိုက်တော့ Fany .. Tae ကို သနားသွားရသည်။ ပြောပုံကလေးကိုက ထာဝစဉ် Fany ဆီမှာ ကပ်စားလာခဲ့ရသလို မလုံမလဲ မရဲမဝံ့ ဖြစ်နေရှာသည်။

Tae 💋 [Completed]Where stories live. Discover now