Chapter 2

4.6K 406 15
                                    

"အချစ်ဆိုသည်မှာ ဘာလဲ"ဟုမေးလျှင် ကျွန်တော်သည်" အလယ်တန်းပထမနှစ်မှာ ကျွန်တော့ ဘေးခုံတွင်လာထိုင်ခဲ့သည့် ကျောင်းပြောင်းကျောင်းသားလေး၏ခပ်နက်နက် ပါးချိုင့်တစ်ခု" ဟုသာပြန်ဖြေချင်မိသည်။

"အလွမ်းဆိုသည်မှာဘာလဲ" ဆိုပါက သူနှင့်အတူ ဘေးချင်းကပ်ထိုင်နေရင်းနှင့်ပင် စိတ်ဆိုးချိန်များတွင် တစ်ယောက်နှင့်တစ်ယောက်ကျောခိုင်းထားခိုက် သူ၏ခပ်ပြန့်ပြန့် ကျောပြင်တစ်ခု" ဟုပြန်ဖြေချင်မိသည်။နွေရာသီကျောင်းပိတ်ရက် သူတို့မိသားစုခရီးထွက်ချိန်များတွင် အိမ်တိုင်ရာရောက်လာနှုတ်ဆက်ပြီး ကျောခိုင်းသွားသော သူ၏ကျောပြင်သည် ကျွန်တော့ကိုမျက်ရည်ကျစေသည်။ပြန်လာမယ်မှန်းသိရဲ့သားနဲ့ပင်။

ကိုယ့်ကိုယ်ကိုယ် "ပိုလွန်းတယ်" ဟုအသိစိတ်က ရေရွတ်နေချိန် သူ့ကိုအချိန်တိုင်းတွေ့ချင်နေသော နှလုံးသားက "ပိုစရာလား?"ဟု မသိစိတ်ကတစ်ဆင့် နှစ်သိမ့်သည်။ Zhang Yixing ဆိုသော ကောင်လေး၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ရသည်ဟူသောအချက်သည် ကျွန်တော့အား တစ်လောကလုံးပိုင်ဆိုင်ရသလိုပျော်ရွှင်စေသည်။

ဟက်...အချစ် ဆိုသော ဝေါဟာရကို နားမလည်ခဲ့သောကလေးတစ်ယောက်၏အတွေးသည်မရင့်ကျက်လှပေ။သူငယ်ချင်း အဆင့်နဲ့ မတင်းတိမ်နိုင်သောကျွန်တော့်၏နှလုံးသားအား အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲဖြေတဲ့နေ့မှာ အပြည့်အဝနားလည်ခဲ့သည်။

"Jun ဦးငယ်က နိုင်ငံခြားကိုအပြီးထွက်သွားပြီ...ဘယ်တော့ပြန်လာမယ်မှန်းမသိဘူး"

စာမေးပွဲဖြေခါနီး စာတွေပြန်နွှေးနေတဲ့ကျွန်တော့နား မျက်ရည်စတွေနဲ့ဝိုင်းနေသောမျက်ဝန်းတစ်စုံရောက်လာလာချင်းပင် လက်ထဲမှစာအုပ်ကိုချကာ အလိုလိုမတ်တပ်ရပ်မိသည်။

"ဟမ်...ဦးငယ်ကဘာလို့?"

"မသိဘူး...ငါ့ကိုလည်းနှုတ်ဆက်မသွားဘူး...Appa နဲ့ Omma ပြောမှသိတာ ဘာလို့ငါ့ကိုမပြောဘဲ...."

မျက်ရည်များသာစီးကျလျက် စကားမဆက်နိုင်တော့သောသူ့ကို ကျွန်တော့ရင်ခွင်ထဲထည့်ထားရင်နှစ်သိမ့်မိသည်။တစ်ဦးတည်းသောသားပီပီ Yixing သည် သိပ်အဖော်မင်လွန်းသည်။ Yixing's Omma နှင့် ဦးငယ်သည် အသက်ကွာခြားလွန်းလှသဖြင့် Yixing သည် ဦးငယ်နှင့် ညီအစ်ကိုကဲ့သို့ပင်ပြောမနာဆိုမနာပင်။ဦးငယ်သည် ကျွန်တော့ကိုလည်းတူအရင်းတစ်ယောက်လိုချစ်ပေးပြီး သိပ်ကိုသဘောကောင်းသည့် ခပ်ချောချော လူငယ်တစ်ယောက်ပင်။

Just You and Me Where stories live. Discover now