💙Just You and Me 💙

4.5K 399 8
                                    

Kim Junmyeon ဆိုတဲ့ ယုန်ပေါက်စဟာ ချစ်သူဖြစ်ပြီးနောက်ပိုင်း အတော်အနိုင်ကျင့်လာတဲ့ အကောင်စုတ်လေး။ ချစ်လွန်းလို့သည်းခံပေးနေတာကို အမြဲရောင့်တက်နေတဲ့ကောင်လေး။

စိတ်ပျက်သွားပြီလားလို့တော့ လာမမေးကြနဲ့။ ဆွဲထိုးပစ်မှာ။ တစ်နေ့တစ်နေ့ချစ်လို့မဝရတဲ့ ကောင်လေးကို စိတ်ပျက်စရာလား? အဲ့အချွဲလေးကလည်း တစ်နေ့တစ်နေ့ သူ့အပေါ် အချစ်တွေပိုတိုးလာအောင် အမြဲ ချွဲနွဲ့နေတာ။

"Xing Xing"

ကြည့်...ခေါ်ပုံကိုက ။

"Xing Xing လို့"

ခေါ်တာပြန်မထူးတော့ နှုတ်ခမ်းကဆူပြီး ကျွန်တော့်မျက်နှာကိုသူ့လက်သေးသေးလေးတွေနဲ့ဆွဲယူပြီး အတင်းကိုအကြည့်ချင်းလိုက်ဆုံနေတာ။

"ကဲ....ပြော ကိုယ့်အသည်းလေး"

"ဒီမှာ Ice Cream ဆိုင်သစ်ဖွင့်တာကြည့်စမ်း...အကြီးကြီးပဲ"

လက်ထဲထိုးထည့်လာတဲ့ Ph screen မှာပေါ်နေတာက ဟိုတစ်လောကမှ Gangnam မှာအသစ်ဖွင့်တဲ့ ရေခဲမုန့်ဆိုင်။

ဒါသက်သက်သူစားချင်လို့ ပက်ချွဲနှပ်ချွဲလာလုပ်နေတာ။ စလိုက်ဦးမယ်။ မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းလေးဆူလာရင် ကျွန်တော်သိပ်ချစ်ရတာမို့။

"အွန်း...အဲဒါဘာလို့လဲ?"

"ဟီး ဟီး...ပြထားတဲ့ ရေခဲမုန့်တွေကလည်း စားလို့ကောင်းမဲ့ပုံပဲနော် Xing"

မျက်လုံးလေးတွေမှိတ်သွားတဲ့အထိရယ်ပြီး ပြောနေတာများ ချက်ချင်းရေခဲမုန့်ဆိုင်ဆွဲခေါ်သွားချင်တဲ့အထိ။

ခဏသည်းခံစမ်း Zhang Yixing။

"အင်း...ဟိုကောင်တွေပြောတယ် စားကောင်းတယ်တဲ့ ဖွင့်တာတောင်မကြာသေးဘူး နာမည်အရမ်းကြီးနေပြီ"

"Aww...Jun Jun လေးလည်းစားချင်လိုက်တာ"

အို....ရူးအောင်လုပ်ဖို့များကြံစည်ထားသလား? သူ့ကိုယ်သူ Jun Jun လေးတဲ့။

"Xing Xing"

ဒီတစ်ခေါက်တော့ နာမည်ခေါ်ရုံသာမက ခါးကိုသူ့လက်လေးတွေနဲ့အတင်းဆွဲဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လာတာများ ခေါင်းလေးနဲ့လည်း ရင်ဘတ်ကိုလာပွတ်နေသေးတယ်။

Just You and Me Where stories live. Discover now