"ကဲ...Zhang Yixing"
"ခင်ဗျာ"
"ခွိ"
ဒါ sofa နားမှီကပ်နေသော ဟိုနှစ်ကောင်ဆီမှ ရယ်သံ။ လှမ်းကြည့်မိတော့ အနားက Kyungsoo ကလည်းခပ်ပြုံးပြုံး။နေစမ်းပါဦး..သူများမိသားစုကိစ္စကို သူတို့ကပါ အိမ်အထိလိုက်လာပြီး စပ်စုနေတာတုန်း။
"ဟေ့ကောင်...ခေါ်နေတာ မင်းအဖေ ငါ"
"Nae papa ပြောပါ"
အခုအခြေအနေကဘယ်လိုပြောရမှန်းတောင်မသိ။ မျက်နှချင်းဆိုင်မှာ ထိုင်နေသော Appa နဲ့ Omma ။
ဘေးကခုံမှာက ဦးငယ်နဲ့ Jae hyung။ နေပါဦး အခု omma က Jae hyung ကိုအိမ်ထဲခေါ်သွင်းထားတာလား?
အာ..Zhang Yixing အခုကအဲဒါကိုသိချင်နေရမယ့်အချိန်လား?
"ဘာလို့ တိတ်တဆိတ် ထွက်သွားဖို့လုပ်တာလဲ? ဘာလဲ? မင်းက spy လား?"
"ဟာ...Appa ကလည်း"
"ဒါဆိုဘာလို့ မိဘတွေကိုရော Jun ကိုပါမပြောမဆိုနဲ့ ထွက်သွားဖို့လုပ်တာလဲ?"
"Aww...uncle ရယ် ကျွန်တော့်ကိုထည့်ပြောမနေပါနဲ့.... ကျွန်တော်ကသူနှုတ်ဆက်ရလောက်အောင်သူ့အတွက်ဘာအရေးပါတာကျလို့"
နှုတ်ခမ်းဆူပြီး ခပ်ကျယ်ကျယ်အော်ပြောလာသော Jun ကိုလှမ်းကြည့်တော့ သူ့ Appa နဲ့ Omma ကြားမှာ ထိုင်နေပြီး မျက်နှာကိုစူပုတ်လို့။
"Jun လေး...uncle စကားပြောနေတယ်လေ"
ဘေးနားက Jun omma ကခပ်ကြိတ်ကြိတ်ဆူသော်လည်း သူကဂရုမစိုက်။
"ပြောပါစေ အစ်မရေ...ဘာဖြစ်လဲ? Jun ကသူစိမ်းမှမဟုတ်တာ..နောက်ဆို သားလေးဖြစ်လာမှာပဲကို"
ဟင်!Jun ကဘာလို့ Omma သားဖြစ်လာရမှာလဲ?
"ကဲ....Zhang Yixing"
မျက်ခုံးကိုပင့်ပြီး အဖြေကိုထပ်မေးလာသော Appa ကိုကြည့်ပြီး ဘယ်လိုပြန်ဖြေရမှန်းမသိ။
"Jun ကိုချစ်လို့" လို့သာ စိတ်ပေါက်ပေါက်နဲ့ ပြန်ဖြေလိုက်ချင်တော့သည်။
"သား"
"ဗျာ"
ခပ်တိုးတိုးခေါ်လာရင်း အနားမှာလာထိုင်သော omma ကိုလှည့်ကြည့်မိတော့ omma ကပြုံးနေသည်။