Chapter 6

3.1K 351 26
                                    

"Jun လေးစောလှချည်လား?"

"အာ....ဟုတ် ဒီနေ့ သားနေမကောင်း..မဟုတ် စာသိပ်မသင်လို့ အဲဒါ...သားအပေါ်တက်နှင့်မယ်နော်"

မေးတာကိုလည်း ဟုတ်တိပတ်တိမဖြေဘဲ အပေါ်ထပ်ကိုသာပြေးတက်သွားသော သားဖြစ်သူကိုကြည့်ရင်း တစ်ခုခုတော့ထူးဆန်းနေတယ်ဟုတွေးမိလိုက်တာ Jun's Omma။

အခန်းထဲရောက်ရောက်ချင်းကုတင်ပေါ်ကိုလူးလှိမ့်ပြီး ပါးပြင်ကိုစမ်းကြည့်မိတော့ အခုထိ ပူထူနေတာတွေကမပျောက်သေး။အား...ရှက်လိုက်တာ...အဲ့ Xing ဟာလေ။ 😒

နှုတ်ခမ်းကိုအသာထိကြည့်မိတော့ အခုတော့ Xing ပေးခဲ့တဲ့နွေးထွေးမှုတွေကမပျောက်သေး။
Xing ရာ...ငါ့ဘဝရဲ့ ပထမဆုံးအချစ် ပထမဆုံးအနမ်း ကိုပါမင်းယူသွားခဲ့တာနော်။ အလကားမဟုတ်ဘဲ မင်းအချစ်တွေနဲ့ပြန်ဆပ်ရမှာ။

တွေးနေမိရင်း Xing နှုတ်ခမ်းသားတွေကိုမြင်ယောင်မိတော့ ခေါင်းအုံးထဲမျက်နှာဝင်သည်အထိနှစ်ချမိသည်။ အခုချိန်ထိ ရင်ဘတ်ကြီးကလည်းပေါက်ကွဲထွက်မတတ်ကိုခုန်နေတုန်း။ တော်သင့်ပြီလေ။

ခုနကလည်း omma ကဘာမှမမေးလို့တော်သေးတယ်။ omma ကတော်ရုံတန်ရုံဆို ကိုယ်ရေးကိုယ်တာတွေမှာ သိပ်ဝင်မစွက်ဖက်တတ်ပေမယ့် Jun မျက်နှာညိုးလာပြီဆိုရင်တော့မရ။ အခုလည်း Jun မျက်နှာက မျောက်အုန်းသီးရသလိုဖြစ်သာလို့သာ နှုတ်ဆိတ်နေခြင်းဖြစ်မည်။

Zhang Yixing Zhang Yixing မင်းရဲ့ လုံလောက်တဲ့အကြောင်းပြချက်ကိုကြားဖို့ငါမစောင့်နိုင်တော့ဘူးဆိုတာမင်းသိရဲ့လား?

Xing ရာ..အကယ်၍ မနက်ဖြန်သာမင်းငါ့ကိုဖွင့်ပြောခဲ့ရင် ငါဟန်တောင်ဆောင်နိုင်ပါ့မလား?
Hk..နေစမ်းပါဦး Kim Junmyeon မင်းကို Xing ကဖွင့်ပြောမယ်လို့ဘယ်သူပြောလဲ? ဟာ...မသိတော့ဘူးကွာ...။

ငါမျှော်လင့်လို့ရတယ်မလား? Xing

အတွေးပေါင်းစုံနဲ့ယောက်ယက်ခတ်နေပေမယ့် Junmyeon သိပ်ပျော်နေတယ်ဆိုတာတော့ နှုတ်ခမ်းပေါ်ကအပြုံးတွေက သက်သေ။

💧💧💧💧💧💧💧💧💧💧💧

နှစ်ရက်။ Xing ကျောင်းမလာတာ ဒီနေ့နဲ့ဆို 2 ရက်။ အရင်ကဆို Xing ကကျောင်းပျက်မယ်ဆိုရင်တောင် ph ဆက်ပြီး မင်းပါမတက်နဲ့ ပြောနေကျ။ အခုဟာက ph ဆက်တော့လည်းမကိုင်။နေမကောင်းများဖြစ်နေလား?ဒီနေ့လည်းကျောင်းမတက်ရင်တော့ ညနေ Xing အိမ်ကိုဝင်မယ်ဟုဆုံးဖြတ်လိုက်မိသည်။

Just You and Me Where stories live. Discover now