Chapter 3

4K 391 6
                                    

"Omma"

"ဟော...သားပြန်လာပြီလား?Jun လေးနဲ့ဘယ်တွေသွားတာလဲ?ကားလည်းယူမသွားဘူး...အကြာကြီးပဲ"

Omma ကမီးဖိုခန်းထဲမှာ ညနေစာပြင်ဆင်နေရင်းမှလှမ်းမေးသည်။ကျွန်တော်လည်းအမေ့နားကိုသွားပြီးအနောက်ကနေခါးကိုဖက် ပါးကိုလှမ်းမွှေးလိုက်တော့ Omma ကပါးချိုင့်များပင်ပေါ်အောင်ရယ်သည်။Jun ဆိုရင် ကျွန်တော်တို့သားအမိနှစ်ယောက်ရယ်လျှင် ပါးချိုင့်များနှင့်ချောလွန်းသည်ဟုခဏခဏပြောတတ်သည်။သူရယ်လျှင် မျက်လုံးများပင်မပွင့်တော့ဘဲ မို့တက်သွားသော ပါးရဲရဲလေးနှစ်ဖက်နှင့်ဘယ်လောက်ချစ်ဖို့ကောင်းလဲမသိလေရော့သလား?

"မနက်ကတည်းကထွက်သွားတာ ညနေမှပဲပြန်ရာက်တော့တယ်..ပြော...ဘယ်တွေသွားကြတာလဲ?"

"ဘယ်မှမသွားပါဘူး omma ရယ်...Jun အိမ်မှာပဲရှိနေကြတာ နေ့လည်စာလည်း Jun တို့ဆီမှာပဲစားခဲ့တယ်"

Omma ကနောက်ကနေဖက်ထားတဲ့ ကျွန်တော့်လက်တွေကိုဖြုတ်ပြီး မျက်နှာချင်းဆိုင်ဖြစ်အာင်လှည့်လာသည်။

"ပြီးရော...omma ကသားတို့ကိုစိုးရိမ်နေတာ...ph လေးတောင်တစ်ချက်မဆက်ဘူး Yixing တို့များ Jun နဲံအတူရှိနေပြီဆိုရင်"

ဟုတ်တော့လည်းဟုတ်တယ်။ကျွန်တော် Jun နဲ့အတူရှိနေရင် အချိန်တွေကုန်မှန်းမသိအောင်ကိုမြန်ဆန်လွန်းသည်။ Jun ကကျွန်တော်နဲ့ စိတ်ရောကိုယ်ပါတူတဲ့ သူငယ်ချင်းတစ်ယောက်မို့ သူနဲ့အတူရှိနေရရင်ကိုလွတ်လပ်ပါ့ပါးနေတတ်တာ။

"Hee hee...မေ့သွားတာ"

"ဟွန်း...ကောင်စုတ်လေး"

"ဒါနဲ့ ဦးငယ်ရော?"

ဧည့်ခန်းဘက်တစ်ချက်ဝေ့ကြည့်မိတော့ ဦးငယ်ကိုမတွေ့။

"မင်းဦးငယ် Hotel မှာသွားနေတယ်"

ခုနကပါးချိုင့်များပင်ပေါ်အောင်ပြုံးနေသော omma သည်ချက်ချင်းပင်မျက်နှာပျက်သွားသည်။ဦးငယ်နဲ့ တကယ်ရန်တွေအကြီးအကျယ်ဖြစ်ခဲ့တာများလား။

"ဟမ်..ဘာလို့လဲ?ဒီမှာ အိမ်ရှိနေတာကို..omma နဲံဦးငယ်ရန်ဖြစ်ထားတာလား?"

"ဘယ်ကသာ သားရယ်...ရန်ဖြစ်ရအောင်ကလေးတွေလား? သူဒီမှာနေရတာ မလွတ်လပ်လို့ဖြစ်မှာပေါ့ သွားသွား..ရေသွားချိုး..မင်း appa ပြန်လာရင်ထမင်းစားကြမယ်"

Just You and Me Where stories live. Discover now