Chapter 7

3.2K 360 20
                                    

"ဘာ"

"Yah..တိုးတိုး မီးဖိုချောင်ထဲမှာ omma ရှိတယ်"

Kyungsoo ကအံသြတကြီးထရပ်ရာကနေ ကိုယ်ရှိန်သတ်ပြီးပြန်ထိုင်ရှာတယ်။

"ငါ့ကိုတောင်မျက်နှာမကောင်းလို့ နေမကောင်းဘူးလားဆိုပြီး ခဏခဏမေးနေတာ"

"Jun"

ကျွန်တော်ထိုင်နေတဲ့အနားကိုတိုးလာပြီး ခပ်တိုးတိုးခေါ်တယ်။ မျက်လုံးကလည်း မီးဖိုချောင်ဘက်ကိုဝဲကြည့်နေသေးတယ်။

"မင်း Appa ကရော?"

"Dinner ရှိလို့ အပြင်သွားတယ်"

"ဒါဆိုငါတို့ခြံထဲသွားရအောင်...မင်း omma ကြားသွားမှာစိုးလို့ ငါကမင်းလိုခပ်တိုးတိုးမပြောတတ်ဘူး"

မီးဖိုချောင်ဘက်ကို သူခိုးအကြည့်နဲ့လှမ်းကြည့်ပြီး
ပြောလာတဲ့ Kyungsoo ကိုကြည့်ပြီး ကျွန်တော်ပြုံးမိတယ် ထင်တယ်။ အဲ့ Do Kyungsoo ဟာလေ။

"လာ....လာ"

ရှေ့ကနေဦးဆောင်ပြီးခေါ်သွားတော့ နောက်ကနေကုပ်ချောင်းချောင်းနဲ့လိုက်လာပြန်တယ်။

"ကဲ...ရပြီ"

ကျွန်တော်ခပ်တိုးတိုးရယ်ရင်းပြောတော့ Kyungsoo ကမျက်စောင်းထိုးရင်း

"ရယ်မနေနဲ့ အရူး...အဆင်ပြေတာလည်းမဟုတ်ဘဲ"

"ငါအဆင်ပြေပါတယ်"

"ငါ့ကိုပါလိမ်ရင်ငါဒေါသထွက်မှာနော် Kim Junmyeon"

"............"

"မင်းငါ့ကိုရင်ဖွင့်လို့ရနေတာပဲ Jun ရာ"

ပခုံးကို လက်နဲ့သာသာပုတ်ပြီး ပြောလာတဲ့စကားက ရင်ဖွင့်တဲ့။ အရင်က စိတ်ညစ်စရာတွေကြုံတိုင်းအနားမှာရှိပေးခဲ့တာ Xing ။

ငါဒီအချိန်မှာတောင် မင်းကိုတောင့်တမိနေတုန်းပဲ Xing ။ ငါ့ရင်ဘတ်ထဲက ဒဏ်ရာတွေက မင်းကြောင့်ရလာတာတောင်မှလေ။

Aish..ဒီမျက်ရည်တွေကဝဲလာပြန်ပြီ။

"Jun"

"မပြေဘူး..အဆင်မပြေဘူး...ငါလုံးဝအဆင်မပြေဘူး Kyungsoo ရာ"

ပြောရင်း မျက်ရည်တွေစီးကျလာသော ကျွန်တော့်ကို Kyungsoo ကရင်ခွင်ထဲအသာထွေးပွေ့ထားပေးသည်။

Just You and Me Where stories live. Discover now