♡ မင်းမသိနိုင်မကြားနိုင်ပေမယ့်လည်း
ကိုယ်ကတော့ချစ်တယ်♡ဆောင်းရာသီရောက်ပေမယ့်
ဘာကြောင့်များဒီအလွမ်းတွေဟာခဲမသွားရတာပါလိမ့်
အဆင်မပြေဘူးကလေးရယ်
မင်းကိုပဲသိပ်လွမ်းနေတယ်
ရာသီဥတုအေးလာတိုင်းမင်းတယောက်နွေးထွေးရဲ့လား
ဆိုတဲ့အတွေးနဲ့စိတ်ပူရတယ်
ချစ်တယ်♡ဘယ်ကတည်းကဝေးသွားခဲ့တာပါလိမ့်
ဘယ်တုန်းကမှစိတ်ချင်းမနီးခဲ့တာသိလျက်
ဒီလိုမေးခွန်းမျိုးမေးမိရဲ့
ခက်တော့တာပါပဲ
*အစွဲအလမ်းကြီးတဲ့ကလေးတယောက်
လမ်းပျောက်တိုင်းအိမ်ကိုပဲပြန်ပြေးသလိုမျိုး*
ချော်လဲကျတဲ့အခါတိုင်းအတိတ်ဆီကိုပဲပြန်ပြေးနေမိတယ်
သတိရတယ်လစ်ဟာသွားတဲ့ခံစားချက်တွေနဲ့
ကိုယ်တော့မင်းကိုအသည်းအသန်လိုအပ်နေလေရဲ့
ပြဿသ နာကမမေ့နိုင်ခြင်းကစတယ်
လွမ်းတယ်ဆန်တာကလော့ဆီကဘာကိုလိုချင်လဲလို့
မေးတဲ့အခါမတွေဝေပဲ
မင်းကိုလို့ပဲဖြေမိမှာ
ခြွေချခဲ့သမျှတောင်းဆုတွေအဆုံးမှာ
ကြွေကျခဲ့တဲ့ကိုယ့်နှလုံးသားရှိတယ်
စောက်မှတ်မရှိလို့ထပ်ခါထပ်ခါဒဏ်ရာရတာတောင်
မင်းကိုပြေးဖက်ချင်သေးတဲ့
ငမိုက်သားဟာကိုယ်ပါငေးကြည့်နေရရုံနဲ့တင်ဖြစ်တယ်
တဖတ်သတ်ချစ်နေရရုံနဲ့လည်းဖြစ်တယ်
ပိုင်ဆိုင်ခွင့်မရလည်းဖြစ်တယ်
မနီးရလည်းဖြစ်တယ်
ကိုယ့်အချစ်ကဒီ့ထက်ပိုတယ်
ချစ်တာထက်ပိုလို့မြတ်နိုးရပါတယ်
ဘာပဲဖြစ်ဖြစ်ချစ်တယ်
ပြီးတော့မြတ်နိုးတယ်
YOU ARE READING
တောင်းဆု
Poetryသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။