ကြိုးပြတ်​သွားတဲ့စွန်

1.6K 129 6
                                    

ဘာကိုမှ​ရွေးချယ်​လို့မရတဲ့အ​ခြေအ​နေမျိုးကို
ခင်ဗျား​ကြုံဖူးလား
ဘဝက​ရှေ့ပဲတိုးတိုး
နောက်​ပဲဆုတ်​ဆုတ်​​အ​မှောင်​ထုကို​တွေ့​နေရတာမျိုးပဲ

သိပ်​နာကျင်​ရတဲ့အခါဘာကဗျာမှမ​ရေးနိုင်​သလို
ဘာစကားလုံးမှလည်းရင်​ထဲကထွက်​ကျမလာ​ပါဘူး
မျက်​စိဖွင့်​လိုက်​တိုင်းမျက်​ရည်​ကျရတဲ့အခါ
မျက်​လုံး​တွေမှိတ်​ထားမိတယ်
သိပ်​​တော့အလုပ်​မဖြစ်​ဘူး
ဘာမှမမြင်​ရတာ​တောင်​ခင်ဗျား​တ​ယောက်​ကို​တော့
မြင်​ဖြစ်​​အောင်​မြင်​​​နေလို့​လေ

ကိုယ်​​တော့
ချစ်​ရက်​နဲ့​ဝေးကြတာမဟုတ်​ဘူးလို့​တွေးရင်း
စိတ်​ကို​ဖြေ​နေရတယ်
တဖတ်​သတ်​ချစ်​ရတယ်​ပဲဆိုဆို
ဒီ​ဝေးကွာမှုမှာခင်​ဗျားအဆင်​​ပြေရင်​ပြီးတာပဲဆိုတဲ့စိတ်​နဲ့
ဒဏ်​ရာ​တွေကိုမြိုချ​နေရတယ်

ကျောက်​ဖြစ်​နှလုံးသားမှမဟုတ်​ပဲ
တခါတရံ​တော့​လည်း......
'Ph​တွေသိပ်​မသုံးနဲ့ကွာ'
'ဟာစာကျက်​ပါဆိုဘာလို့လိုင်းသုံးပြန်​တာတုန်း'
ဒီလိုစကား​လေး​တွေအ​သေအလဲလိုအပ်​​နေပါတယ်
စကားမစပ်​သူမကို​ရော​ဒီစကား​တွေ
မကြာမကြာ​ပြောဖြစ်​ရဲ့လား

စကားတခွန်းစီကအစမှတ်​မိ​နေတာကျိန်​စာသင့်​ခြင်းတစ်​မျိုးပဲ
ကျ​နော်​တို့မ​တွေ့ခဲ့ကြရင်​​ကောင်းမှာပဲလို့မ​တွေးမိခဲ့ရိုးအမှန်​ပါ
မချစ်​သင့်​​တော့မှန်းသိတဲ့အခါ
မချစ်​ချင်​​ယောင်​​ဆောင်​လိုက်​ရတဲ့အချိန်​​တွေအတွက်
ခင်​ဗျားကို​ကျေးဇူးတင်ပါတယ်

ဒီကဗျာကို​ရှည်​​အောင်​​ရေးမယ်​လို့​တွေး​နေဆဲမှာပဲ
'အာ.....ဘာလို့အရှည်​ကြီး​ရေးတာလဲ'ဆိုတဲ့စကားက
နှလုံးသားကိုလာရိုက်​ခတ်​တယ်
ကဗျာကိုရှည်​​အောင်​ပဲ​ရေး​ရေး
အတိုပဲ​ရေး​ရေး
ခင်​ဗျားဖတ်​ကြည့်​မှာမဟုတ်​မှန်းကျ​နော်​သိပါတယ်
ဒါ​ပေမယ့်​လည်းဒီကဗျာကိုတို​အောင်​ပဲ​ရေးလိုက်​တယ်
နာခံတတ်​သူအတွက်​​တော့စကားသံတိုင်းဟာအမိန့်​ပါပဲ

မီးစိမ်း​လေးကိုမြင်​​ပေမယ့်
နှုတ်​ဆက်​ခွင့်​မရတဲ့အခိုက်​အတန့်​​တွေဆိုတာ
တကယ်​ရှိတယ်
ကိုယ့်​ဘာသာကြိုးပြတ်​​အောင်​ဖြတ်​ချလိုက်​တဲ့စွန်​ဟာ
ကျ​နော်​ပါ






စာဖတ်​ပျင်းတဲ့ခင်​ဗျားအတွက်​တို​အောင်​​ရေးထားတယ်
ဒီကဗျာခင်​ဗျားဖတ်​ကြည့်​​ပေးမယ်​မလားဟင်​.....😅

တောင်းဆုWhere stories live. Discover now