||ခေါင်းစဉ်မဲ့အနာတရများ||နာကျင်တယ်ဆိုတဲ့စကားလုံးဟာ
ဒဏ်ရာဘယ်နှခုကိုများကိုယ်စားပြုနိုင်ပါသလဲစကားသံတွေတိတ်သွားကြတယ်
ပြောစရာစကားတွေကုန်သွားလို့လားဆိုတော့လည်း
မဟုတ်ဘူး
ရေစက်တွေကုန်သွားတာမျိုးလည်းမဟုတ်ဘူး
တချို့ဝေးကွာခြင်းတွေကကံတရားနဲ့မဆိုင်ဘူး
လူတွေဖန်တီးတဲ့ဝေးကွာခြင်းတွေဟာ
သေလောက်အောင်လှတယ်
အဲ့ဒီအတွက်ရူးလောက်အောင်လည်းကြွေရတယ်......လဲကျတော့မလိုဖြစ်နေတဲ့အခါ
ဖမ်းဆုပ်ပေးမယ့်ချစ်ခြင်းမေတ္တာကို
အသည်းအသန်လိုအပ်နေပါတယ်
ခလုတ်တိုက်တိုင်းခင်ဗျားကိုပဲတရတယ်
မီးစိမ်းလေးကိုကြည့်ပြီး
မျက်ရည်တွေသုတ်ရင်းရယ်ရတယ်ပျော်စရာမရှိတဲ့အခါ
အတိတ်ကိုပဲပြေးနမ်းရတယ်
အလွတ်ရနေတဲ့
Messageအဟောင်းတွေပြန်ဖတ်ရတယ်
ဒီဆောင်းလောက်နီးနီးကျနော်တို့အေးစက်ခဲ့ကြတယ်လိုချင်သလောက်နာကျင်ခွင့်ရလို့ပျော်ရတယ်
အသုံးမလိုတဲ့ဖုန်းcontactတခုကျနော့်ဖုန်းထဲမှာရှိတယ်
ဂဏန်း၉လုံးနဲ့လည်းအသံမကြားရလည်း
ကိုယ့်ဘာသာအလွမ်းဖြေရတယ်ကျနော်လွမ်းသလိုခင်ဗျားလည်းလွမ်းနေမှာပဲဆိုတဲ့
အတွေးမျိုးကိုကြောက်တယ်
မျှော်လင့်ချက်အမှားတွေကိုကြောက်တယ်
ခင်ဗျားမှာချစ်သူမရှိလို့မျက်စိစုံမှိတ်ပြီး
ငြင်းမိမှာကိုလည်းကြောက်တယ်သိပ်နာကျင်လာတဲ့အခါ
Unfollowလုပ်မယ်
နာကျင်ချင်တဲ့အခါ
See firstလုပ်မယ်
ဆိုင်လည်းမဆိုင်သလိုပိုင်လည်းမပိုင်ပေမယ့်
သူငယ်ချင်းဆိုတဲ့စည်းကနေဖြစ်ဖြစ်သဝန်တိုပါရစေ
အသံလေးကိုမကြားရလည်း
လွမ်းနေခွင့်လေးတော့ရှိပါရစေ
ကိုယ့်အတွက်မဟုတ်တဲ့ခင်ဗျားရဲ့နှလုံးသားကိုငေးပါရစေ
မရှိတာတွေကိုအရှိလုပ်ပြီးနေပါရစေဝေးချင်သလောက်ဝေးပါစေ
ချစ်ခြင်းမေတ္တာတွေတော့ခင်ဗျားဆီရောက်စေချင်တယ်
ကျနော်လည်းဒီလောက်ပဲတတ်နိုင်တယ်
ΔΙΑΒΑΖΕΙΣ
တောင်းဆု
Ποίησηသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။