နှင်း​တွေနဲ့အပြိုင်​​ကြွေ

1.8K 117 2
                                    


နှင်း​တွေကိုသိပ်​ချစ်​တာပဲ​ပြောတတ်​တဲ့လူတ​ယောက်
ကိုယ့်​အနားမှာမရှိ​တော့တာကြာပြီ
ဆောင်းရာသီ​ရောက်​တိုင်း
ကိုယ့်​မှာ​တော့နှင်း​တွေ​ကိုငေးရင်း
သူ့ကိုတရ......

ကွက်​လပ်​ဖြည့်​ပါဆိုတဲ့စာသားမျိုးမြင်​ရင်
ရင်​​တွေသိပ်​နာတာပဲ
လစ်​ဟာသွားတဲ့ဒီရင်​တွင်းဖြစ်​​တွေဟာ
သူဖြည့်​မှပြည့်​တတ်​တာမျိုး
ကြော်​ငြာထဲကလို​ပြောရရင်
ဘာ....ဘာ...ဘာနဲ့မှ....အစားမထိုးနိုင်​ဘူးဆိုသလိုမျိုး

ကိုင်​သူမရှိတဲ့ဖုန်းကိုဆက်​တဲ့အခါ
Sryဆိုတဲ့စကားတခွန်း​တော့ကြားဖြစ်​​အောင်​ကြားရဲ့
သိပ်​ချစ်​တတ်​ခဲ့သူတ​ယောက်​အတွက်
ပြစ်​ဒဏ်​ကသိပ်​ကြီးလွန်းခဲ့တယ်

ဟယ်​လို!
ဒီမှာနှင်း​တွေကျ​နေတယ်​သိလား
ပြီး​တော့နှင်း​တွေနဲ့အပြိုင်
လူတ​ယောက်​လည်း​ကြွေကျ​နေတယ်
ဟယ်​လို.........နှင်း​တွေကြည့်​ကြမယ်​​လေ
ပြန်​လာခဲ့ကွာ.....​နော်​........

နှင်း​တွေကိုသိပ်​ချစ်​တာပဲလား
ဒါဆိုကိုယ်​လည်းနှင်းဖြစ်​ချင်​တယ်
မင်း​ကျေနပ်​​အောင်​အကြိမ်​ကြိမ်​​မင်း​ခြေဖဝါး​အောက်
နှင်း​တွေလိုကျ​ပေးပါ့မယ်
တကြိမ်​တခါ​လောက်​​တော့.....
မင်းသိပ်​ချစ်တယ်​ဆိုတဲ့နှင်း​ဟာကိုယ်​ဖြစ်​ပါရ​စေလား......

တောင်းဆုWhere stories live. Discover now