||ပြိုလုလုမိုးတိမ်​||

2.3K 152 4
                                    

||ပြိုလုလုမိုးတိမ်​||

ပင်​ပန်းတယ်​လို့​ပြောတဲ့အခါနာကျင်​မှုဟာ​လျော့ပါးသွားတတ်​ပါသလားချန်​ရစ်​ခံရတယ်​လို့​ပြောတဲ့လူတိုင်းကိုစွန့်​ပစ်​ခံရတာမဟုတ်​ပဲ​ရွေးချယ်​မခံရရုံပါလို့ကိုယ်​​တော့​ဖြေဖြစ်​တယ်​အဆုံးသတ်​မှာ​တော့ကိုယ်​တ​ယောက်​တည်းကျန်​ရစ်​ခဲ့ရတာပါပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပင်​ပန်းတယ်​လို့​ပြောတဲ့အခါ
နာကျင်​မှုဟာ​လျော့ပါးသွားတတ်​ပါသလား
ချန်​ရစ်​ခံရတယ်​လို့​ပြောတဲ့လူတိုင်းကို
စွန့်​ပစ်​ခံရတာမဟုတ်​ပဲ
ရွေးချယ်​မခံရရုံပါလို့ကိုယ်​​တော့​ဖြေဖြစ်​တယ်
အဆုံးသတ်​မှာ​တော့ကိုယ်​တ​ယောက်​တည်း
ကျန်​ရစ်​ခဲ့ရတာပါပဲ

တခါတရံမှာ
အရှိန်​ပြင်းပြင်း​မောင်းနှင်​​နေရင်းရုတ်​တရက်
ဘရိတ်​အုပ်​လိုက်​လို့ဖရိုဖရဲဖြစ်​သွားရတဲ့ကားတစီးလို
တခါတရံမှာ
ခံစားချက်​မဲ့​နေသလိုတည်​ငြိမ်​​နေတတ်​တဲ့လူတ​ယောက်​လို
ဘဝကတကယ့်​ကိုကိုယ့်​ဆု​တောင်းနဲ့ကိုယ်
အထိအရှဖြစ်​​နေတတ်​တာမျိုးပဲ
တိတ်​တဆိတ်​​ကိုယ်​​နာကျင်​​နေရတဲ့အခါမျိုးမှာ
တခမ်းတနားသူ့ကိုကြင်​နာလိုက်​ပါ
ခင်​ဗျားအဆင်​​ပြေရင်
ကျ​နော်​ရမယ်​လို့ထင်​ရတာပါပဲ.....

ကျ​နော်​​လေ....
ကြယ်​​လေးမဖြစ်​ချင်​ဘူး
ခင်​ဗျား​တောင်းဆုပြည့်​ဖို့တကြိမ်​တခါပဲ
ကြွေကျခွင့်​ရတဲ့ကြယ်​ထက်
တစစီကျိုး​ကြေ​နေရင်းက
ခင်​ဗျား​ပျော်​ဖို့ပုံစံမျိုးစုံလုပ်​ပြခွင့်​ရတဲ့တိမ်​လိုမျိုးပဲဖြစ်​ချင်​ပါတယ်
ခင်​ဗျား​ပျော်​ပါ
ကျ​နော်​ငိုပါ့မယ်

တရားနဲ့​ဖြေဆိုလို့
ခင်ဗျား​မရှိလည်းဖြစ်​တာပဲဆိုတဲ့စကားကိုတရားလုပ်​ပြီး
ဖြေဖို့​ကြိုးစားကြည့်​ပါ​သေးတယ်
ခင်​ဗျားမရှိလည်းဖြစ်​တာပဲ....
ဒီလိုနဲ့ပဲကျ​နော့်​ည​တွေဟာနက်မှန်းမသိနက်​ခဲ့ရ

ခင်​ဗျားနဲ့အနီးဆုံးမှာစိတ်​ကိုအ​သေတပ်
ပြီးရင်​ခင်​ဗျားနဲ့အ​ဝေးကြီးကိုလွင့်​ပြ
ရက်​ရက်​စက်​စက်​ခင်​ဗျား​ထားရစ်​ခဲ့တဲ့
မုသား​တွေနဲ့ကျ​နော့်​ကမ္ဘာဟာ
ပက်​ပက်​စက်​စက်​ကိုလှ​နေ​တော့တာပါပဲ
ခင်​ဗျားပြန်​မလာလည်း
ဘာအ​ရေးလဲ
ကျ​နော့်​ညဟာလှ​နေပြီးသားပဲ
ကြယ်​မစုံ​တော့တာကလွဲလို့...........


တောင်းဆုWhere stories live. Discover now