💔၃၁💔

1.1K 102 2
                                    

ခင်​ဗျားကအရာရာပါပဲ......

ဘာမှမဖြစ်​ဘူးလို့​ပြော​ပေမယ့်
ကျ​နော်​ဟာလူသားတ​ယောက်​ပါပဲ
သဝန်​တိုတတ်​သလို
အငိုလည်းလွယ်​ပါတယ်
တကယ်​ဆိုကျ​နော်​တို့ဟာဘာမှသက်​ဆိုင်​တာလည်း
မဟုတ်​ပါပဲ​ပေါ့

မေ့နိုင်​တယ်​လို့စိတ်​ကိုလိမ်​မိတိုင်း
ဘယ်​ဘက်​ရင်​အုံကတချက်​​အောင့်​တယ်
ကျ​နော်​တ​ယောက်​ထဲလည်းဖြစ်​တာပဲလို့​တွေးရင်း
တကယ့်​ကိုတ​​ယောက်​တည်းဖြစ်​​နေရတဲ့ကျ​နော့်​ရဲ့ည​တွေ

အဆင်​မ​ပြေပါဘူး
ဒီရက်​ပိုင်းကျ​နော်​ဖျားနာချင်​​နေတယ်
ခဲလုံး​နဲ့တိုက်​မိတာကအစခင်​ဗျားကိုတချင်​​နေ​တော့တာ
ခွင့်​လွှတ်​ပါ
သူမကိုချစ်​တဲ့အ​ကြောင်း​တွေ
နား​ထောင်​​ပေးရ​လောက်​တဲ့အထိ
ကျ​နော့်​ခံနိုင်​ရည်​ကမရှိဘူး

အရာအားလုံး​တော့ဘယ်​ပိုင်​လိမ့်​မလဲ
ကျန်​တာ​တွေမပိုင်​ရရင်​​နေပါ
ခင်​ဗျားတ​ယောက်​ကို​တော့ပိုင်​ပါရ​စေ
ဒီလိုဆု​တောင်းခဲ့တဲ့ကျ​နော်​ဟာ
အရာရာကိုဆုံးရှုံးခဲ့ရပါတယ်

တောင်းဆုWhere stories live. Discover now