🌼Matthiola incana🌼

998 84 6
                                    

အလွယ်​တကူ​တော့ဘယ်​ဟုတ်​ပါ့မလဲကွယ်

ပျော်​ပါ​စေဆိုပြီးလှမ်းဆွဲထားမိတဲ့လက်​တစုံကို
ခက်​ခက်​ခဲခဲဖြုတ်​​ပေးလိုက်​ရတဲ့အခါ
ပျော်​ရွှင်​မှု​တွေပါပဲ့ပါသွားခဲ့တာမျိုး​ပေါ့

လှလှပပလွင့်​ထွက်​သွားတဲ့ပူ​စီ​ဖောင်း​လေး​တွေကို​ငေးကြည့်​​နေတဲ့က​လေးမ​လေးမျက်​ဝန်းမှာအရည်​ကြည်​​တွေနဲ့

ကျန်းမာ​ရေးကိုဆိုးဝါးစွာထိခိုက်​​စေနိုင်​ပါသည်​ဆိုတဲ့
စာတန်းပါတဲ့​စီးကရက်​​ကိုမှသိပ်ကြိုက်တတ်တဲ့
ခင်​ဗျားကိုအံ့သြမိတယ်​။
အထူးသဖြင့်​သူမ​ရှေ့မှာမှပိုပိုပြီး​တောက်​ပလာတဲ့
ခင်​ဗျားအပြုံး​တွေကိုလည်းနားမလည်​နိုင်​ဘူး။
တကယ်ေ​တာ့ဒါ​တွေဟာသိပ်​​တော့မထူးဆန်းပါဘူး။
နာကျင်​ရမှန်းသိလျက်​ဆက်​ချစ်​​နေတဲ့ကျ​နော့်​လို​ပေါ့

တကယ်​ဆို
ပျော်​ရ​လေမလားဆိုတဲ့​မျှော်​လင့်​ချက်​နဲ့
ပူ​လောင်​မှန်းသိရက်​ဇွတ်​တိုးခဲ့တဲ့ပိုးစုန်းကြူး​လေး​ကို
နည်းနည်း​လောက်​​တော့ခင်​ဗျားသနားသင့်​တာ​ပေါ့

ခင်​ဗျားနဲ့ပတ်​သက်​လာရင်
*သူ့ကိုနင်း​ချေတဲ့​ခြေ​ထောက်​ကို​တောင်​သူ့ကိုယ်​​ပေါ်က
ရနံ့​တွေနဲ့​မွှေးကြိုင်​​စေတဲ့Matthiola incanaဆိုတဲ့
အပင်​​လေးပဲဖြစ်​​ချင်​ပါ​တယ်​*

သူမ​ကြောင့်​နာကျင်​ရတဲ့အခါ
ကျ​နော့်​ကိုနင်း​ချေပါ
အဲ့ဒီအတွက်​ခင်​ဗျား​ပျော်​ပါ​စေ။

*ပြထား​သောစာသားသည်​ဆရာမနိုင်းနိုင်းစ​နေ၏သတ္တိရှိတဲ့ပထမ​ခြေလှမ်းမှ​ကူးယူ​ဖော်​ပြချက်​ဖြစ်​ပါသည်​💜
စာအုပ်​ရှာ​နေရတာကြာ😿

Btw အဆင်​​ပြေရင်​အသစ်​​ရေး​နေတဲ့BL fic​လေးကို
ဝေဖန်​​ပေးကြပါ😑
ကဗျာ​တွေပဲ​ရေး​နေရာကficဘက်​ပြန်​လှည့်​​တော့
လိုအပ်​ချက်​​တွေများ​နေမှန်းသိပါတယ်
ဖတ်​​ပေးကြရင်​အရမ်းချစ်​မှာ😘😆

တောင်းဆုWhere stories live. Discover now