ညီမကအကို့ကိုလွမ်းနေတဲ့အချိန်မှာ
အကိုကလည်းသူမကိုသတိရနေနိုင်တာပဲ။အကိုမရှိတဲ့အရပ်ဟာဘယ်လိုနည်းနဲ့မှ
မ,အေးမြနိုင်တာအကိုသိတယ်မလား။ဆေးမတိုးတော့တဲ့အနာတရတွေပါ
နာကျင်ရကြောင်းအကိုသိအောင်ငိုမပြတာလည်း
သိပ်ခက်တာပဲ။
ကိုက်ခဲမှုတွေကိုခံနိုင်ရည်ရှိသယောင်
ဟန်ဆောင်ငြိမ်သက်ပြတာပဲညီမလုပ်နိုင်ခဲ့ပါတယ်။လူတယောက်ဟာဖျားနာမှူတွေကို
ဘယ်လောက်ထိများခံနိုင်ရည်ရှိပါသလဲ။
ညီမကတော့
သူမနာမည်နဲ့စတဲ့အကို့ချစ်ခြင်းမေတ္တာတွေအကြောင်း
ကြားရတဲ့အချိန်တိုင်းမှာ
ထပ်ခါတလဲလဲဖျားနာနေမိတော့တာပါပဲ။
တကယ်ဆိုညီမကိုမသနားရင်တောင်
နည်းနည်းလေးမှဂရုစိုက်မခံရတဲ့
ညီမရဲ့ဒဏ်ရာတွေကိုတော့သနားသင့်တာပေါ့။အကို့အတွက်ရည်စူးထားတဲ့ချစ်ခြင်းတရားကို
ညီမငေးကြည့်နေကြ......ကြယ်တွေကြားဖွက်လိုက်တယ်
အကိုကလည်းဘယ်တော့မှမရှာခဲ့သလို
ညီမကလည်းထုတ်မပြောခဲ့ဘူး။ဖြေးဖြေးချင်းဝေးသွားကြတာကိုတနေ့နီးလိမ့်မယ်ဆိုတဲ့
မျှော်လင့်သမျှယောင်ယမ်းနာကျင်ရပါတယ်။လွမ်းဆွတ်ခြင်းတွေကို
စက္ကူ ကြယ်လေးတွေလိုခေါက်ပြီးသိမ်းထားမယ်။
ဘယ်အချိန်ထိကြယ်ခေါက်မလဲလို့အကိုကမေးတဲ့အခါ
အလွမ်းတွေပြေတဲ့တနေ့လို့ညီမဖြေမှာပေါ့။သံသရာအဆက်ဆက်အကိုမသိပဲ
အကို့အပေါ် အုပ်ဆိုင်းနေမယ့်အလွမ်းတွေပေါ့အကိုရယ်။
YOU ARE READING
တောင်းဆု
Poetryသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။