မိတ်ဆက်

5.6K 286 5
                                    

Gus Green Van Sant ဆိုတဲ့ film maker  script writer တစ်ယောက်ဟာ အသစ်တစ်ခုလိုက်ရှာနေခဲ့တယ်.. တစ်ခါမှ မရိုက်ဘူး တဲ့ ဇာတ်ကား တစ်ကားပေါ့.. တစ်ရက်မှာ မထင်မှတ်ပဲ ဝတ္တုတိုလေး တစ်ပုဒ်ကို ဖတ်မိသွားတယ်.. ဖတ်မိ ပြီးပြီးခြင်း သူဆုံးဖြတ်ချက်ချလိုက်တယ်.. ဒါကို ရုပ်ရှငိရိုက်မယ်..

ဝတ္တုက နံမည်ကြီး စာရေးဆရာ ဝတ္တုတော့ မဟုတ်ဘူး.. ဝတ္တုရေးတဲ့ သူက Proulx တဲ့.. သာမာန် cowboys ဇာတ်လမ်းလေးပဲ.. Jack နဲ့ Ennis ဆို cowboys နှစ်ယောက် တွေ့ဆုံမှုလေး ..ဘာမှထူးခြားတာ မရှိဘူး.. ဒါပေမယ့် .. Gay ဇာတ်လမ်း လိင်တူခြင်းချစ်ကြတဲ့ အကြောင်းရေးထားတာ..

Gus Green Van Sant ထပ်ဖတ်လိုက်တယ်.. မင်းသား ချောချောလေးတွေ သုံးရင် ပေါက်နိုင်တယ်လို့ စဉ်းစားမိတယ်.. ခပ်ချောချော မင်းသား ၂ ယောက်ပေါ့.. တစ်ယောက်က မိန်းမချောချော ပြီး တစ်ယောက်က ယောင်္ကျားပီသတဲ့ ဆွဲဆောင်မှု ရှိရမယ်.. မင်းသား သိပ်ရွေးစရာလည်း မလိုပါဘူး .. Matt Damon ကို Ennis နေရာထားမယ် သူကတော်တော်ချောတယ်လေ.. နောက်တစ်ယောက်က Joaquin Phoenix သူက ယောင်္ကျား ပီသတယ် .. သူကို Jack နေရာအတွက် လျာထားမယ်.. Matt Damon နဲ့က ရိုက်ဖူးတယ်လေ.. မကြာသေးကခင် ရိုက်ပြီးသွားတဲ့ Van Sant ဒါရိုက်တာ လုပ်ပြီးရိုက်တဲ့ကား Good will Hunting မှာ Damon က main lead .. အလုပ်အတူလုပ်ဖူးတော့ အဆင်ပြေမှာပါ.. Damon ကို မေးကြည့်မယ်..

Damon , ငါ cowboys အကြောင်းအခြေခံတဲ့ Gayရုပ်ရှင် တစ်ခုရိုက်ချင်တယ်..

ရုပ်ရှင် ရိုက်မယ် ဆုံးဖြတ်လိုက်ပြီဆိုတော့.. ဒီဇာတ်ကြောင်းပတ်သတ်ပြီး LGBT right တွေ political အကြောင်းတွေ သိရမှဖြစ်မယ်.. LGBT အတွက် လှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ Harvey Milk နဲ့ သွားတွေ့ခဲ့တယ်.. အကြံဉာဏ်တွေပေးသလို နောက်ထပ် လူတစ်ယောက် နဲ့လဲ သိလာရတယိ သူကတော့ Joel Schumacher... Joel နဲ့ တွေ့ပြီးတော့ Joel က လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်.. ထူးထူးခြားခြားတွေ ရိုက်ချင်တယ်လို့ ပြောတဲ့ တရုတ်ဒါရိုက်တာတစိယောက်.. နံမည်က Ann Lee တဲ့

Ann Lee ဟာ တရုတ်မှာတော့ နံမည်ကြီး ဒါရိုက်တာ တစ်ယောက်ပဲ.. ခေါင်းမာသလို ဇွဲလည်း ရှိတယ်.. ဇာတ်ကားကောင်းတစ်ကား ရဖို့ဆို producer လည်း ဂရုမစိုက်တဲ့လူ.. ဒါပေမယ့် အဲလို ခေါင်းမာတာတွေက လက်တွေ့ဘဝမှာ အဆင်မပြေလှဘူး.. Hulk ဇာတ်ကား ရိုက်ပြီးတာနဲ့  ကုမ္မဏီ က စာချုပ်ဖျက်သွားတယ်..သူ interview မှာ ပြောလေ့ရှိတယ် Crouching Tiger , Hidden Dragon ရယ် Hulk ရယ်လည်း ရိုက်ပြီးရော ဘဝပျက်တာပဲလို့.. ဒါပေမယ့် နောင်တတော့မရပါဘူး.. ဇာတ်ကားကောင်းတွေအဖြစ် လူတိုင်း အသိအမှတ်ပြုတယ်လေ...

brokeback mountainWhere stories live. Discover now