အပိုင်း ၂

2.1K 192 3
                                    

အပိုင်း ၂

Jack နဲ့ Ennis Bar မှာ ထိုင်ပြီး Beer သောက်နေကျသည်

ငါ... ဒါ ဒုတိယနှစ် ပဲ.. မနှစ်က သိုး အကောင် ၄၀ ကျော်သေတယ်လေ.. အဲဒါကို $ အဘ်ုးကြီးက 25% သေတယ်ဆိုပြီး ပိုက်ဆံဖြတ်သေးတယ်... ပြောပြီး Jack က Beer ကို မော့သောက်လိုက်သည်

အင်းးးး... Ennis စိတ်မပါပဲ အင်းလုပ်သံဟာ စိတ်မပါလွန်းလို့ အပြင်ကို တောင် ပီပီသသ မထွက်လာဘူး..

မုန်တိုင်းကျပြီး မိုးကြိုးပစ်တာလေ ... သိုးတွေသေတာပေါ့.. မီးခိုးတွေ မွန်ထူနေတာ.. ဒါကို အဲဒီ $Joe က အပြစ်တင်တယ်လေ ငါက ရာသီဥတု ထိန်းချုပ်နိုင်တာကျနေတာပဲ... Jack မကျေမနပ်ပြောရင်း Beer ကို ထပ်သောက်လိုက်သည်

 Jack မကျေမနပ်ပြောရင်း Beer ကို ထပ်သောက်လိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငါအဖေအတွက် ငါလုပ်ပေးတာ.. ဒါပေမယ့် ဘယ်တော့မှ သူဘယ်တော့မှ မကျေနပ်ဘူး ...

Ennis ခေါင်းသာငြိမ့်ပြသည်

မင်းကရော.... Jack စိတ်ထဲ သူပြောတာ ကို Ennis သိပ်စိတ်မဝင်စားဘူး ထင်လို့ စကားလမ်းကြောင်း ပြောင်းလိုက်သည်

ငါ.. က ပထမဆုံးပဲ..

ဘာအတွက်လဲ... Jack မေးချင်တာက ဘာအတွက်လာလုပ်တာလဲ..

ငါ့ချစ်သူ နဲ့လက်ထပ်ဖ်ု့.. Anna .. သူနံမည် Anna .. သူနဲ့ လက်ထပ်ဖို့ ငွေစုနေတာ...

မင်း.. နွားရိုင်းစီးတာ ဝင်ပြိုင်ပေါ့.. ငါတော့ လေ့ကျင့်တုန်း..

အဲဒီအချိန်က နွားရိုင်းစီးတာ သိပ်ခေတ်စားတယ်.. နွားရိုငိးစီးတာတော်ရင် ဝင်ငွေကောင်းတဲ့ အလုပ်ရသလိုပဲ.. သမီးရှင်တွေလည်း သိပ်ကို သဘောကျတာ..နွားကျောင်းသားတွေအတွက် နွားရိုင်းကောင်းကောင်းစီးနိုင်တာဟာ ဂုဏ်ယူကိစ္စတစ်ရပ်ပဲ..

brokeback mountainWhere stories live. Discover now