အပိုင်း ၃

1.6K 165 3
                                    

အပိုင်း ၃

အာာ... ရတယ်... Jack ပြန်ဖြေလိုက်သည်

ငါ အဆငိပြေတယ်.. မင်း အချိန်လဲချင်ရင် ငါ လဲပေးနိုင်တယိ ... Ennis ဒန်အိုးကို ခြစ်ကုတ်နေရင်း ပြောလိုက်သည်

MMMmmmm...အေး မညာပဲပြောရရင် ငါ အချိန်လဲချင်တယ်.. မင်း နဲ့ အချိန်လဲချင်တယ်.. ခွေးထားတဲ့ တဲကတော့ ခွေးသေးနံ့ နံတယ်... အချိန်ပြောင်းလို့ရရင်တော့ ပြောင်းမယ်....Jack အစကတော့ ဟန်ဆောင်ပေမယ့် နောက်ကျ အားမနာတမ်းပြောလိုက်သည်

Ok ...ငါ မနက်ဖြန် က စပြီး သိုးတွေ နဲ့ နေမယ်..

ဒါပေမယ့် ကြိုပြောထားမယ် ငါ ဟင်းမချက်တတ်ဘူး ဟင်းကောင်းကောင်းစားရမယ်တော့ မထင်နဲ့.. ငါက သံဘူးပဲဖောက်တတ်တာ... Jack Ennis ကို ခပ်မာမာပြောလိုက်သည်

ရပါတယ် ... ငါက မင်းထက်တောင် ဆိုးတာ.. အဆင်ပြေပါတယ်... Ennis ပန်းကန်ဆေးဖို့ မထခင် ပြောလိုက်သည် ပြီးတာနဲ့ ပန်းကန်ဆေးဖို့ ထထွက်ခဲ့သည်

နောက်နေ့ မနက် မှာ Ennis ဟာ မြင်းပေါ်လိုအပ်တာတွေ တင်ပြီး မြင်းပေါ်တက်ဖို့လုပ်နေသည် နှုတ်ခမ်းမှာလည်း စီးကရက်ကို တပ်လို့ပေါ့

မင်းကိုပြောထားတယ်နော် အိပ်ရေးလည်း ဝမှာ မဟုတ်ဘူး.. Jack စီးကရက်ကို ရှိုက်ဖွါရင်း ပြောလိုက်တယ်

ရပါတယ်... ငါအဆင်ပြေတယ်.. Ennis က ပြောပြီး မြင်းစီးကာ ထွက်သွားသည်

Jack မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း အပြစ်ရှိသလိုခံစားရသည် အခုမှ စလုပ်တဲ့ Ennis အပေါ် မတရားရာများ ကြနေမလား... တကယ်ဆို သိုးစောင့်ကြည့်ရမယ့် တာဝန်က Jack ရဲ့တာဝန်လေ.. Ennis က ပထမဆုံး စလုပ်တဲ့သူ အဆင်ပြေပါ့မလား....

နောက်ရက်တွေကတော့ ပုံမှန်အတိုင်းပဲ Ennis ဟာ မနက်စာ နေ့လည်စာ ညစာ စားချိန်ဆိုရောက်လာတယ် အစားကို တိတ်တိတ်ဆိတ်ဆိတ် စားတယ် Jack လို မကျေမနပ်ရေရွတ်သံတွေ မကြားရပါဘူး

Ennis တစ်ယောက် အင်းကျီချွတ် ဖိနပ် ချွတ်ပြီး စခန်းက ရေနွေး နဲ့ ကိုယ်လက် သန့်စင်နေတယ်..

Jack ကတော့ စည်သွပ်ဗူးဖောကိတာတောင် အဆင်ပြေပြေ မဖောက်နိုင်ဘူး မနဲကြိုးစားပြီး ဖောက်နေသည်

brokeback mountainWhere stories live. Discover now