အပိုင်း ၉

1.3K 117 5
                                    


ညစာ မီးဖိုပေါ်မှာ နွေးထားပြီးသား... Anna ခပ်မြန်မြန်လျောက်ရင်း လှမ်းပြောလိုက်သည်

မင်း မကျွေးရင် ကလေးတွေ မစားတာ မင်း မသိဘူးလား ! .. Ennis လည်း Anna အနောက်ကို ခပ်မြန်မြန်လိုက်ရင်း ပြောလိုက်သည်

အချိန်ပ်ု ဆင်းပေးမယ် လို့ ပြောထားပြီးသားဖြစ်နေပြီ ! Anna လှည့်မကြည့်ပဲပြန်ပြောလိုက်သည်

အဲဒါဆို မင်းမအားတော့ဘူး ! မှားပြောမိတာလို့ ပြန်ပြောလိုက်ပါလား ! Shit ! Anna ! Anna ! Ennis လမ်းအချိုးမှာ ကွယ်ပျောက်သွားတဲ့ Anna ကို ဒေါသ နဲ့ အော်ဟစ်ရင်းကျန်ခဲ့သည်

ဒန်းလွဲပေးဖို့လိုလား... ဒန်းစီးတာရပ် ပြီး သူ့Mommy နဲ့ Daddy ရန်ဖြစ်တာကို ကြည့်နေတဲ့ သမီး ၂ ယောက်ကို Ennis မေးလိုက်သည်

ဟင့်အင်း ရတယ်.. .. ကလေးတွေဟာ ဒန်းကို ဆက်စီးနေကြတယ်

Ennis ကတော့ အမှိုက်ပုံးကို အထပ်ထပ်ကန်ပြီး ဒေါသကို လွတ်ထုတ်လိုက်သည်

အခုနှစ်ပိုင်း Anna နဲ့ အဆင်မပြေဘူး .. ဘာကို အလိုဖြစ်နေမှန်း Ennis မတွေးတတ်ဘူး.. Anna ဟာ အသားလွတ်ကြီး Ennis ကို စိတ်နာနေသလိုပဲ...

---------------------------------

Jack ကတော့ Childress မှာ အဆငိပြေနေပြီ ... Lureen အဖေရဲ့ ကုမ္မဏီမှာ အတော်ဆုံး အရောင်း ဝန်ထမ်း ဖြစ်လာပြီ

ကြည့်ထား ! ကြည့်ထား ဒီစက် ဘယ်လောက်တောင် အသုံးဝင်လဲ .. ဘာတွေ လုပ်နိုင်လဲ ပြမယ် ! အသံကိုလည်း နားထောင်ကြည့် ဘယ်လောက် အားရစရာကောင်းလဲ !

Jack ကတော့ လယ်သမား တစ်သိုက်ကို ထွန်စက်အသစ်အကြီး အကြောင်း ကိုယ်တိုင် မောင်းပြပြီး မိတ်ဆက်နေသည်

Lureen သူအမျိုးသားကို အထင်သေးသလို ကြည့်နေတဲ့ သူ့အဖေကြောင့် စိတ်ရှုပ်နေသည် စာရင်းတွေ တွက်ရင်း သူ့အဖေရဲ့ အပြောတွေကို ခေါင်းတစ်ခါခါ နဲ့ စိတ်ပျက်နေမိသည်

ဟေးးး သူက နွားရိုင်းပဲ စီးတတ်တာ မဟုတ်ဘူးလား ... Lureen အဖေက ဧရာမ ထွန်စက်ကို ကျွမ်းကျင်စွာမောင်းပြီးပြနေတဲ့ Jack ကို တအံတသြ ကြည့်ကာ ပြောလိုက်သည်

သူစီးဖို့ကြိုးစားတာပါ.. သူက အမြဲကြိုးစားတာပဲ.., Lureen ရဲ့ ဦးလေးက ဝင်ပြောလိုက်သည်

brokeback mountainWhere stories live. Discover now