အပိုင်း ၈

1.3K 138 3
                                    

ချောက်.... ချောက်...

Ennis လမ်းမကို စိုက်ကြည့်နေရင်း လက်ကလည်း မီးခြစ်ကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဆော့နေသည်

 Ennis လမ်းမကို စိုက်ကြည့်နေရင်း လက်ကလည်း မီးခြစ်ကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဆော့နေသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Anna .. သူယောင်္ကျားကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေသည်

Ennis တစ်ယောက် မနက်မိုးလင်းထဲ ကားလမ်းကို မြင်ရတဲ့ ပြတင်းပေါက်နားမှာထိုင်ကာ တစ်ချိန်လုံး လမ်းမကို စူးစိုက်ကြည့်နေသည်... စိတ်လှုပ်ရှားကာ တစ်ချိန်လုံး လှူပ်လှုပ်ရွရွ နဲ့ ... ဘီယာကို မော့ သောက်ကာ စိတ်လှုပ်ရှားနေတာကို ငြိမ်အောင် ကြိုးစားနေသည်

Ennis ကတော့ ကိုယ်ဘာကိုယ် သတိမထားမိပေမယ့် သူရဲ့ ပုံမှန် မဟုတ်တဲ့ အပြုအမူတွေကြောင့် Anna က သူ့ယောင်္ကျား အရမ်းကို စိတ်လှုပ်ရှားနေမှန်း သိနေသည်

ကလေးထိန်းငှါးရင် ကောင်းမလား.... Anna ဘီယာကုန်လို့ နောက်ထပ်သွားယူဖို့ မီးဖိုခန်း ဝင်သွားတဲ့ Ennis ကို လှမ်းမေးလိုက်သည်

အွန်..ဟွန်..Ennis ဘီယာအသစ် ကို ဖောက်ကာ မော့လိုက်သည်

ရှင့်သူငယ်ချင်းကို ဘယ်ကို ခေါ်သွားပြီး ကျွေးမှာလဲ... Knife and fork လား... Anna မေးလိုက်သည်

ဟင့်အင်း .. Jack က စားသောက်ဆိုင်မှာ စားတတ်တဲ့ လူစား မဟုတ်ဘူး အသောက်သမား အပြင်မှာ သောက်ဖြစ်ဖို့များတယ်... Ennis ဆေးလိပ်ကို မီးညှိကာ သောက်ရင်း ပြန်ဖြေလိုက်သည်

နေ့လည်တောင် ကျော်လို့ ညစာ စားချိန် ရောက်လာခဲ့ပြီ

ဒါလေး ကုန်အောင်စား Jennie ပြီးရင် Mommy ဆော့ခိုင်းမယ်... Anna ထမင်းစားခန်းထဲမှာ Jennie လေးကို အစားချော့ကျွေးနေသည်

Ennis ကတော့ စောင့်ရင်း သောက်ရင်း နဲ့ မူးကာ ဧည့်ခန်း ဆိုဖာပေါ် အိပ်ပျော်နေသည် ... ရှေ့မှာလည်း beer ပုလင်း အလွတ်တွေ အများကြီး....အိပ်ချင်တာတောင် အခန်းထဲ မသွားနိုင်အောင် ပဲ ဆိုဖာပေါ်မှာ သာ အိပ်နေသည်

brokeback mountainWhere stories live. Discover now