အပိုင်း ၁၀

1.3K 111 3
                                    

1977 ခုနှစ် ကျေးဇူးတော် ချီးမွှမ်းသောနေ့... မိသားစုတိုင်း အတူ ကြက်ဆင်ကင်နဲ့ ကျေးဇူးတော်ကို ဂုဏ်ပြုနေကျသည်

Jack တို့ Childress အိမ်မှာ Lureen မိဘတွေ ညစာလာစားကြသည်

Lureen က ပန်းကန်လုံးအပြည့် သီးစုံကျော်ကို ယူလာပြီး စားပွဲတင်လိုက်သည်

ကြက်ဆင်ကင်ပေါ် အရသာအချိုရည်တွေ Jack စမ်းလိုက်သည် ပြီးနောက် ကြက်ဆင်ကင်ကို စားပွဲပေါ်တင်လိုက်သည်

Jack နဲ့ Lureen ဟာ အခုဆို Childress ရဲ့ လူကုံတန် မြို့မျက်နှာဖုံးဖြစ်နေပြီ... Jack ဟာ အတော်ဆုံး အရောင်းကိုယ်စားလှယ်...ကုမ္မဏီရဲ့ မရှိမဖြစ်

Jack ကြက်ဆင်သားကို လှီးဖို့ ခရင်း နဲ့ ဓါးကိုယူလိုက်သည်

ငါ လုပ်လိုက်မယ်... Jack ရဲ့ ယောက္ခမ LD က Jack လက်ထဲက ခရင်း နဲ့ဓါးကိုယူလိုက်သည်

Jack စိတ်မသက်သာပေမယ့် ပုခုံးတစ်ချက်တွန့်ပြကာ ခွင့်ပြုလိုက်သည် ကြက်ဆင်ကင် နဲ့ တည်ခင်းတဲ့အခါ အိမ်ထောင်ဦးစီးကသာ လှီးပေးရတာလေ.. LD တမင်သက်သက် ယူသွားပေမယ့် Jack က အလျော့ပေးလိုက်သည်

Bobby က TV ကလာနေတဲ့ America Baseball ပွဲကို စိတ်ဝင်တစား ကြည့်နေသည်

Bobby ... အစားစား .. ပြီးမှ ကြည့် ... Lureen က အစားကို အာရုံမရှိတဲ့ သားကို ပြောလိုက်သည်

အာာာ.. Mommy ကလည်း .. ဒါတွေက နောက် တစ်ပတ်လောက် တောင် ဆက်စားနေရမှာ.. ထားစမ်းပါ... Bobby Baseball ပွဲကို မကြည့်ဖို့ပြောတဲ့ အမေကို ပြန်ပြောလိုက်သည်

မင်းအမေပြောတာ ကြားတယ် မဟုတ်လား ...Dinner .. ပြီးအောင် စား.. စားပြီးမှ ဆက်ကြည့် Bobby !.. Jack ပြောလည်း ပြော TV ကို လည်း ထပိတ်လိုက်သည်

ဟေ့ယောင်္ကျားဆိုတာ Ball ပွဲကြိုက်တာ သဘာဝပဲ.. ဘာဖြစ်လဲ.. စားရင်း ကြည့်လို့ရတာပဲ.. LD က TV ပြန်ဖွင့်ပေးလိက်ြသည်

Daddy ! Daddy ... Lureen သူ့အဖေ သွားဖွင့်တာကို လှမ်းတားသည်

Jack ချက်ချင်းသွားပြန်ပိတ်သည်

သူ့အမေကို ဒီကလေး အစားစားဖို့ ၃ နာရီလောက် ကြိုးစားခဲ့ရတာ... Jack Bobby ကို လက်ညှိုးထိုးရင်းပြောသည်

brokeback mountainWhere stories live. Discover now