အပိုင်း ၁၂ ဇာတ်သိမ်း

2.2K 193 33
                                    

အပိုင်း ၁၂

Ennis တနေကုန် အလုပ်တွေ များပြီး သကာလ ညစာကို တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် စားနေသည် အခုတလော Ennis တစ်ယောက်သာနေဖြစ်သည် Cassi ရှိတဲ့ ဘီယာဆ်ုင်လည်း မသွားတာ Jack နဲ့တွေ့ပြီး ပြန်လာကတည်းကဖြစ်သည်

Cassi နဲ့ အမျိုးသားတစ်ဦး ရယ်မောကာ ဆိုင်ထဲဝင်လာသည် Cassi ဟိုဒီကြည့်ရင်း Ennis ကိုသတိထားမိသွားသည်

ခဏလေးနော် ... Cassi သူနဲ့ ပါလာတဲ့ အမျိုးသားကို ခွင့်တောင်းကာ Ennis ရှေ့က ခုံ မှာ ဝင်ထိုင်လိုက်သည်

Ennis Del Mar... ဘယ်တွေပျောက်နေတာလဲ...Cassi Ennis က်ုမေးလိုက်သည်

ဟိုဟို ဒီဒီ ဆိုပါတော့...Ennis ကိတ်တစ်စိတ်ယူစားကာ ပြောလိုက်သည်

Steve ဆီ ကျွန်မ ရှင့်ကိုပြောပေးဖို့ လူကြုံမှာသေးတယ်.. ပြီးတော့ ရှင့်အိမ်မှာလည်း စာရေးထားခဲ့သေးတယ်.. တစ်ခုမှ မရဘူးလား.... Cassi Ennis မျက်နှာကိုကြည့်ကာမေးလိုက်သည်

ရချင်လည်း ရမှာပေါ့... အဲဒီတစ်ယောက်ကရော....Ennis ပြန်ဖြေရင်း Cassi ကိုစောင့်နေပုံရတဲ့ ယောင်္ကျားတစ်ယောက်ဆီ လှမ်းကြည့်လိုက်သည်

Carl ? ..သူက Carl တဲ့ လူကောင်းပါ.. ပြောလို့ဆိုလို့ကောင်းပါတယ်...Cassi ပြန်ဖြေလိုက်သည်

မင်းအတွက်ကောင်းတာပေါ့ .. Ennis ပြောလိုက်သည်

ကျွန်မ အတွက် ကောင်းတယ် ?? ကျွန်မ ရှင့်ကို နားမလည်တော့ဘူး Ennis Del Mar .. Cassi Ennis ကို မျက်မှောင်ကျုံကာ ကြည့်ရင်း ပြောလိုက်သည်

ငါက..ပျင်းစရာကောင်းတယ်လေ...မဟုတ်ဘူးလား..Ennis ပြောပြီး ပါးစပ်ထဲ ကိတ်မုန့်ကိုပဲ အာရုံစိုက်ကာ ဝါးနေလိုက်သည် Cassi ကိုတော့ မျက်လုံးခြင်းအဆုံမခံပဲ ရှောင်နေသည်

မိန်းခလေးတွေက ပျော်စရာကောင်းဖို့ ချစ်ကြတာမှ မဟုတ်တာ... Cassi မျကိရည်တွေကျကာ Ennis ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်

 Cassi မျကိရည်တွေကျကာ Ennis ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
brokeback mountainWhere stories live. Discover now