လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-2

3.7K 149 14
                                    

နေ့လည်​ထမင်းစာ စားချိန်​တွင်

"ကဲ ဒါဆို ငါတို့ ဘယ်​​နေရာက​နေ စရှာမလည်း နင့်​ရဲ့ လက်​​ကောက်​ကို "

Fanyနဲ့အတူ လမ်း​လျှောက်​ရင်း Sica ​မေးလိုက်​သည်​။

"Fany နင်​ Basketball ​ဆော့​သေးတယ်​မလား အဲ့မှာ ပြုတ်​ကျခဲ့တာ​ရော မဖြစ်​နိုင်​ဘူးလား "

"Sunny ​ပြောတာ ဟုတ်​တယ်​ ငါ Basketball ​ဆော့ရင်း ပြုတ်​ကျခဲ့တာ​နေမယ်​ အဲ့ကို သွားရှာရ​အောင်​...."

Fanyတို့လည်း လက်​​ကောက်​ရှာဖို့ ​အားကစားရုံကို ​လျှောက်​လာကြသည်​။

အားကစားရုံထဲတွင်​ Taeyeon တစ်​​ယောက်​ တခြား​ကောင်​​လေး​တွေနဲ့ basketball ကစား​နေ၏

"Goal.....We Love Taeyeon Oppa "

Taeyeon သူ့ fan​တွေဘက်​လှည့်​ပြီး ရယ်​ပြ​လေသည်​။ Taeyeonလည်း ရယ်​ပြ​ရော ​ကောင်​မ​လေး​တွေမှာ အသားကုန်​​အော်​ကြ၏

Taeyeon basketball ​ဆော့ရာမှာ ခဏနားပြီး ​ရေ​သောက်​​နေရင်း လက်​က လက်​​ကောက်​​လေးကို ကြည့်​ပြီး ပြုံးလိုက်​သည်​။

ခဏနားပြီး ​ဆော့ဖို့ ထလိုက်တဲ့ အချိန် ​​အားကစားရုံထဲ ၀င်​လာတဲ့ Fanyကို မြင်​လိုက်​သည်​။

Fany ရုံထဲကို ၀င်​လာလာချင်း သူ​မေ့ဖို့ ကြိုးစား​နေတဲ့ သူ့ရဲ့ ပထမအနမ်းကို ယူသွားတဲ့ Taeyeonကို ​မြင်​လိုက်​၏

Taeyeon basketballကို ပုတ်​ရင်း Fany​ရှေ့က​နေ ဖြတ်​သွားသည်​။

ကောင်​မ​လေး​တွေမှာ Taeyeonကို ကြည့်​ပြီး ​အော်​ကြ​လေ၏

Fanyက​တော့ မျက်​​မှောင်​ကြုတ်​ကာ Taeyeonကို ကြည့်​​နေတယ်​.....

"Fany.....Kingက basketball ​ဆော့​နေတာဘဲ....."

Fanyနားသို့ ကပ်​ကာ Sunny တိုးတိုး​လေး ​ပြောလိုက်​သည်​။

"အဲ့တာ ငါ ဘာလုပ်​ရမှာလည်း ငါက သူ့ကို ကြည့်​ဖို့ လာတာမဟုတ်​ဘူး လက်​​ကောက်​လာရှာတာ Sunny"

Sunnyကို လှည့်​ပြီး ရန်​​ထောင်​​နေတုံး သူ့​ရှေ့ကို Taeyeon ​ရောက်​လာတာ သတိမထားမိ​ပေ.....

ရှေ့ကိုလည်း ပြန်​လှည့်​​ရော
"Omo......."

"ငါ့ကို သတိရလို့ လာ​တွေ့တာလား........"

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now