လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-15
2K 129 16
Taeyeonကို ​တွေ့​တော့ သရဲကို ​တွေ့သလို Fany နည်းနည်းလန့်​သွားတယ်​....
ဒါ​ပေမယ့်​ ဘာမှမဖြစ်​သလို ဟန်​​ဆောင်​ပြီး Taeyeon ​နောက်​ ​ပြေးလိုက်​သွားသည်
"Tae....ဘာဖြစ်​လို့လဲ.. ...ဒါနဲ့ ​ရေခဲမုန့်​ သွားဝယ်​တယ်​ဆို ဘယ်​မှာလဲ ​ရေခဲမုန့်​က......"
Taeyeon လက်​ထဲ ဘာမှမ​တွေ့လို့ Fany ​မေးလိုက်​သည်
Taeyeon ဘာမှပြန်​မ​ဖြေဘဲ လမ်းဆက်​​လျှောက်​​နေ​တော့ စိတ်​မရှည်​တတ်​တဲ့ Tiffany Hwangနဲ့ ​တွေ့ပြီ​လေ...
"Yah ငါ​မေးတာ​လေး ​ဖြေပါအုံး ငါ့ကို အဖက်​လုပ်​ပါအုံး..... "
Taeyeon ကို ရိုက်​ပြီး Fany ​မေးလိုက်​သည်
Taeyeon အစက​တော့ ပြန်​ဖက်​ချင်​​ပေမယ့်​ သူ့ကို​ ရိုက်​​တော့ နည်းနည်း​ စိတ်​တိုသွားပြန်​သည်
ထို့​ကြောင့်​ မြန်​နိုင်​သ​မျှမြန်​​အောင်​ Fany နားက​နေ ​ဝေး​ဝေးကို ​လျှောက်​သွားသည်
"Kim Taeyeon......"
Fany တစ်​​ယောက်​ ​အော်​​ခေါ်​သော်​လည်း Taeyeon လှည့်​မကြည့်​​ပေ
Fany တစ်​​ယောက်​ ​ပြေးလိုက်​သွားပြီး Taeyeon ကို ခုန်​အုပ်​သည်​....
"Ah....."
Taeyeon လဲကျသွား​ပြီး Fanyက သူ့အ​ပေါ်တွင်​ တက်​ဖိထားသည်​....
"ဖယ်​ဟ ​လေးတယ်​ ....."
"မဖယ်​ဘူး နင်​ ဘာဖြစ်​​နေလည်းဆိုတာ ​ဖြေ...."
"မင်းတက်​ဖိထားတာနဲ့ ငါ မ​ဖြေနိုင်​ဘဲ အသက်​​ပျောက်​​တော့မှာ....."
Fany သူ့ချစ်​သူကို မျက်​​စောင်းထိုးပြီး ဖယ်​​ပေးလိုက်​သည်
"ကဲ ​ဖြေ​လေ နင်​ ဘာဖြစ်​လို့လဲ ဘာဖြစ်​​နေတာလည်း.... "
"တကယ်​ဘဲ ငါ ဘာဖြစ်​​နေတာလည်းဆိုတာ သိချင်​လား........"
"အင်း​ပေါ့ သိချင်​လို့ ​မေး​နေတာကို....."
"ငါ ဘာဖြစ်​​နေတာလည်းဆို​တော့ ​ဒေါသထွက်​​နေတာ......ဘာလို့ ​ဒေါသထွက်​​နေလည်းဆို​တော့ မင်းကို ​ကောင်​တစ်​​ကောင်​က ထိ​တွေ့​နေတာ​တွေ မင်းကိုနမ်းတာ​တွေ မင်းနဲ့ဒိတ်​ခွင့်​ရမလား ​မေးတာကို မင်းက ​ပျော်​ပြီး​တောင်​ လက်​ခံလိုက်​လို့​ဟေ့...."
"နင်​....သ၀န်​တို​နေတာလား....."
"ငါ သ၀န်​တိုတယ်​လို့ မ​ပြောမိဘူး ​ဒေါသထွက်​တယ်​လို့ဘဲ ​ပြောတာ...."
"Hey အတူတူဘဲ​လေ....သ၀န်​တိုလို့ နင်​ ​ဒေါသထွက်​တာ​ပေါ့....."
'Fine....ဟုတ်​တယ်​ ငါ သ၀န်​တို​နေတာ......"
Taeyeon နှာ​ခေါင်းထဲက ​လေကို မှုတ်​ထုတ်​ပြီး ​ဖြေလိုက်​သည်
"Hahahahahaha က​လေးဆန်​လိုက်​တာ ယုံ​တောင်​မယုံနိုင်​ဘူး....."
Fany တစ်​​ယောက်​ က​လေး​လေးလို ပြုမူ​နေတဲ့ သူ့ချစ်​သူကို ကြည့်​ပြီး ရယ်​လိုက်​သည်​....
"Yah ရယ်​စရာ ဘာပါလို့လည်း....."
Taeyeon နှုတ်​ခမ်းစူကာ ရန်​​တွေ့လိုက်​သည်​......
"ဘာလို့ တစ်​ချိန်​တည်းမှာ အရမ်းချစ်​စရာ​ကောင်း​အောင်​ လုပ်​ပြ​နေတာလည်း....."
Taeyeon ရဲ့ ပါး​ဖောင်း​ဖောင်း​လေးကို Fany ဆွဲလိုက်​​သော​ကြောင့်​ Taeyeon ရှက်​သွား​လေသည်
"Aigoo...."
Fanyရဲ့ ​နောက်​မှာ ​ရေကန်​တစ်​ခု ရှိတာကို Taeyeon သတိထားမိသွားတယ်​.....
"Babe​လေးက ကိုယ့်​ပါးကို ဆွဲတယ်​ဆို​တော့ စိန်​​ခေါ်တယ်​​ပေါ့....."
Taeyeon ​ပြောပြီး ​ရေကန်​ထဲသို့ သူ့ချစ်​သူကို တွန်းချလိုက်​သည်
"Yah Kim Taeyeon နင်​​တော့ ​သေမယ်​...."
Fany ​ရေထဲက​နေ လူးလဲထပြီး Taeyeonကို ​ရေနဲ့ ပတ်​လိုက်​သည်​......
ပြတိုက်​​ရှေ့မှာ​ရောက်​​နေတာကို သတိမထားမိဘဲ ​ရေကန်​ထဲ Taeny နှစ်​​ယောက်​ ​ပြေးလွှား​ဆော့​နေကြသည်​....
အားလုံးက ၀ိုင်းကြည့်​​နေ​သော်​လည်း အာရုံမစိုက်​ကြဘဲ စိန်​​ပြေးလိုက်​တမ်း ​ဆော့​နေကြ၏
"Ah .....ချမ်းလိုက်​တာ.. ...."
"Fany ချမ်းလို့လား ကိုယ်​ ဖက်​ထား​ပေးမယ်​ လာ....."
Fany ကို  Taeyeon ဖက်​မလို့ဟန်​ပြင်​​သေး  ဆရာ​တွေရဲ့ ​အော်​သံကို ကြားလိုက်​ရသည်
"Kim Taeyeon ......Tiffany Hwang အခုချက်​ချင်း ​ရေထဲက တက်​ခဲ့စမ်း....."
"Run......"
လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now