လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-22

1.8K 109 2
                                    

Taenyတို့ ညစာစားပြီး​နောက်​ ဆိုဖာ​ပေါ်တွင်​ ထိုင်​ကာ Fany ကြိုက်​တဲ့ ရုပ်​ရှင်​ဇာတ်​ကား​လေးကြည့်​​နေသည်

Fanyမှာ ရုပ်​ရှင်​ကြည့်​ရင်း သူ့ချစ်​သူကိုပင်​ ​မေ့​နေသည်​ ....

Taeyeon မှာ အစက​တော့ ရုပ်​ရှင်​ကြည့်​ရင်း စိတ်​လှုပ်​ရှား​နေတဲ့ Fany အပြုအမူ​တွေကို ကြည့်​ပြီး သ​ဘောကျ​နေ​ပေမယ့်​ ကြာ​တော့ စိတ်​လှုပ်​ရှား​နေတဲ့ သူ့ချစ်​သူ​ကြောင့်​ ရုပ်​ရှင်​ကို မနာလိုဖြစ်​လာသည်​.....

Taeyeon ဆိုဖာထိုင်​ခုံ​ပေါ် လှဲချ​တော့ Fanyမှာ ထိုင်​ရတာ ကျဉ်းကျဉ်း​လေး ဖြစ်​သွားသည်

"ဟဲ့ ဆိုဖာက ​သေး​သေး​လေးကို ဘယ်​လို​တွေ အိပ်​​နေတာလည်း အိပ်​ချင်​ရင်​ အ​ပေါ်သွားအိပ်​  "

Fany သူ့ကိုဆူ​တော့ Taeyeon ပြုံးလိုက်​ပြီး သူ့ချစ်​သူကို သူ့အ​ပေါ်သို့ ဆွဲ​ခေါ်လိုက်​သည်

ယခု Fanyမှာ Taeyeon ခန္ဓာကိုယ်​​ပေါ် ​မှောက်​လျက်​​လေး ပြုတ်​ကျသွားသည်​.....

Taeyeonမှာ Tv remote ကို ယူပြီး ပိတ်​လိုက်​သည်

" တတိယအကြိမ်​​မြောက်​ အပြစ်​​ပေးမယ်​ က​လေး​လေး​ရေ"

"Yah ငါ့ကို လွှတ်​စမ်း "

Taeyeon မလွှတ်​​ပေးဘဲ ​Fanyကို တင်းကြပ်​စွာ ဖက်​ထား​လေသည်

"မင်း ကိုယ့်​ကို ရူး​အောင်​လုပ်​​နေတာဘဲ baby............ကိုယ် ​မင်းကို ဘာမှမလုပ်​ပါဘူး ကတိ​ပေးတယ်​ ဒီတိုင်း​လေး ခဏ​လောက်​​နေရ​အောင်​  "

Fany လည်း ဘာမှမ​ပြောဘဲ ​Taeyeon ရင်​ခွင်​​ပေါ်မှာ ​အိပ်​လိုက်​သည်​....

"Babe....Seolhyunကို အမှန်​တိုင်း​ပြောပြရ​အောင်​........"

"အချိန်​နည်းနည်းလိုတယ်​ "

"Seolhyun ခံစားချက်​​တွေ မ​လေးနက်​ခင်​ထိ.....အချိန်​မဆွဲတာ​ကောင်းမယ်​ထင်​တယ်​ "

" အင်းပါ...."

Taeny တို့ နှစ်​​ယောက်​ ဆိုဖာ​ပေါ်တွင်​ အိပ်​လျက်​​ရောက်​တတ်​ရာရာ စကား​တွေ​ပြော​နေကြ၏......

~~~~~~~~~~ ~~~~~~~~~ ~~~~~~~
"ဟို​ကောင်​ ဘယ်​မှာလဲ.. ...

ကျွန်​မ မသိဘူး....ကျွန်​​မကို သူထားခဲ့တာ....."

"လိမ်​​ပြောမ​နေနဲ့ မင်း လိမ်​​နေတယ်​ဆိုတာ ငါ သိတယ်​...ကဲ မင်းအမှန်​တိုင်း​ပြော​အောင်​လုပ်​မှ ဖြစ်​မယ်​....."

လူကြီးတစ်​​ယောက်​မှာ ​ကောင်​မ​လေးရဲ့ ဆံပင်​ကို ​ဆောင့်​ဆွဲလိုက်​ပြီး ​ရေထဲတွင်​ ​ခေါင်းနှစ်​လိုက်​သည်

"ကျွန်​မ တကယ်​ မသိတာပါ ​တောင်းပန်​ပါတယ်​ ကျွန်​မကို လွှတ်​​ပေးပါ.. .."

ကောင်​မ​လေး ပိုမို​တောင်းပန်​​လေ လူကြီးမှာ နှိပ်​စက်​​လေဖြစ်​သည်​....

~~~~~~~~~~~~~~ ~~~~~~~~~~~~
"အား...... "
Fanyမှာ အိမ်​မက်​ဆိုးက​နေ ​နိုးလာပြီး ​ချွေး​တွေရွှဲနစ်​​နေ၏

Taeyeonမှာ အခန်းထဲ အမြန်​​ပြေးလာပြီး
"Baby ဘာဖြစ်​လို့လဲ ကိုယ်​ရှိတယ်​​နော်​ ကိုယ်​ရှိတယ်​  "

Fanyမှာ  Taeyeonကို ဖက်​လိုက်​ပြီး ငို​လေ၏.....ထို့​နောက်​ သူ့အခန်းထဲ ​ရောက်​​နေတာကို သတိထားမိသည်​....

Taeyeonနဲ့ စကား​ပြောရင်း Fany အိပ်​​ပျော်​သွားရာမှ Taeyeonမှာ သူ့ချစ်​သူကို အခန်းထဲ ​ပွေ့ချီ​ခေါ်လာခြင်းဖြစ်​သည်

"Baby are you ok now!"

Taeyeon ​မေး​တော့  Fany Eyesmile ​လေး​ပေါ်​အောင်​ပြုံးပြပြီး ​ခေါင်းညိတ်​ပြသည်​......

"Omarတို့က အ​စောကြီး အပြင်​ထွက်​သွားကြတယ်​....ကိုယ်​လည်း နိုး​နေ​တော့ မင်းအတွက်​ မနက်​စာပြင်​​ပေး​နေတာ...​ရေမိုးချိုးပြီး စားလိုက်​အုံး​နော်​ ကိုယ်​ အိမ်​ကိုခဏပြန်​လိုက်​အုံးမယ်​ ..."

Fanyရဲ့ နှုတ်​ခမ်း​လေးကို ပြွတ်​ခနဲ Taeyeon နမ်းလိုက်​သည်​.....ထို့​နောက်​ သူ့​ကျောပိုးအိတ်ကို ဆွဲယူကာ အိမ်​သို့ပြန်​သွား​လေသည်

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now