လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-7

2.5K 136 24
                                    

Mr.Hwangတို့ အိမ်​က​နေ ထွက်​သွားတဲ့ တစ်​နာရီ​လောက်​ကြာ​​နေပြီ....ထိုအချိန်​အတွင်း Fanyမှာ Taeyeon နဲ့ မျက်​နှာချင်း မဆိုင်​ရဖို့ အလုပ်​ရှုပ်​ချင်​​ယောင်​​ဆောင်​​နေ၏ .....

ဆေးပြီးသား ပန်းကန်​​တွေ ပြန်​ပြီး​ဆေး စားပွဲခုံကို ​သေချာသုတ်​​နေတဲ့ Fanyကို ကြည့်​ပြီး Taeyeon ရယ်​​လိုက်​တယ်

Mr.Hwang တို့ ပြန်​လာရင်​​တော့ တစ်​အိမ်​လုံး ​တောက်​​ပြောင်​​သန့်​ရှင်း​နေတာကြည့်​ပြီး အံ့သြ​နေမှာ​သေချာသည်​။

Taeyeon အိမ်​​ပေါ်ကို တက်​သွားတဲ့အခါမှ Fany သက်​ပြင်းချပြီး ထိုင်​ခုံ​ပေါ်မှာ စိတ်​​အေးလက်​​အေးထိုင်​လိုက်​သည်​။

"Ash...Tiffany Hwang အရူးမရဲ့ ဘာလို့ သူ့ကို ​ရှောင်​​နေတာလည်း .....သူ နင့်​ကို တစ်​ခုခုလုပ်​ဖို့ကြိုးစားရင်​ မျိုးတုံးသွား​အောင်​ ​ဆောင့်​ကန်​ရမှာဟဲ့....."

Fany အားတက်​သ​ရော ​ရေရွတ်​လိုက်​သည်​။ သို့​သော်​ ငါးစက္ကန့်​​တောင်​ မပြည့်

"Ash....​ဆောင့်​ကန်​ဖို့ ​နေ​နေသာသာ သူ့ကို​တွေ့ရင်ကို သူ့အထိအ​တွေ့နဲ့ အနမ်းနဲ့တင်​ လူက​ပျော့​ခွေ​နေပြီ ..."

Fany သက်​ပြင်းချကာ ​ပြောလိုက်​သည်​။

"Ok Taeyeon ငါ့ကို ထိ​တွေ့ခွင့်​ ထပ်​မပြုဘူး 😌😌"
Fany သူ့ကိုယ်​သူ အား​ပေးပြီး ထရပ်​လိုက်​သည်​။

ထို့​နောက်​ အိမ်​​ပေါ်ထပ်​က​ သူ့အခန်းကို သွားလိုက်​သည်​...  အခန်းထဲ မ၀င်​ခင်​ လွတ်​​နေတဲ့အခန်း တနည်း အခုလက်​ရှိ Taeyeonရဲ့ အခန်းဘက်​ကို ခိုးကြည့်​သည်​။

ရေစက်​​တွေကို သုတ်​​နေတဲ့ အ​ပေါ်ဗလာကျင်းနဲ့ Taeyeon ကို​တွေ့ပြီး Fany ပါးစပ်​အ​ဟောင်းသားဖြစ်​သွားတယ်

"Omo ဘယ်​နဲ့​ကြောင့်​ ​ရေသုတ်​​နေတာကအစ sexy ဆန်​နေတာလည်း ​​Taeyeon....."

Fany ရုတ်​တရက်​ ​အသံထွက်​​​မိသွား​တော့ Taeyeon ​ရေသုတ်​​နေရာက လှည့်​ကြည့်​​တော့ သူခိုးလူမိသွားတယ်

"Jagiya....အိမ်​ရှင်း​နေတာ ပြီးပြီလား...."

Taeyeon နဲ့ အကြည့်​ချင်းဆုံ​တော့ Fanyရှက်​ပြီး မျက်​နှာကြီး နီရဲ​နေ၏

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now