လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-8

2.5K 135 8
                                    

အိပ်​​ပျော်​​နေတဲ့ Fanyကို Taeyeon စိုက်​ကြည့်​​နေရင်း အရင်​ကအ​ကြောင်း​တွေကို ပြန်​ပြီး ​တွေးမိသွားတယ်

အလယ်​တန်း​ကျောင်းသား ဘ၀တုံးက​ပေါ့.....အလယ်​တန်း​ကျောင်းသားဆို​ပေမယ့်​ Taeyeonမှာ လူကြီးပုံစံဖြင့်​ လူကြီး​ယောင်​​ဆောင်​​နေခဲ့၏

အလယ်​တန်း​ကျောင်းသား​တွေကြားထဲ ပြိုင်​ကားနဲ့ ​ကျောင်းထဲ ၀င်​လာပြီး အားလုံးရဲ့ ၀ိုင်းကြည့်​ခြင်း ခံရတာ Taeyeonအတွက်​ မထူးဆန်း​တော့​ပေ....

Taeyeon ​ကျောင်းထဲ ၀င်​လာ​ပြီး ကား​ပေါ်ကဆင်း​တော့
"Oppa.....Taeyeon Oppa....."

Taeyeon အ​နောက်​ကို လှည့်​ကြည့်​​တော့ Sulliက သူ့ဆီ​ပြေးလာတာကို ​တွေ့လိုက်​ရသည်​။

"Sulli yah......"

"Good morning Oppa...."

"Aigoo...."

"ဒီနှစ်​အတွက်​ အရမ်းစိတ်​လှုပ်​ရှား​နေပြီ....."

"Ha ha Oppaလည်း အတူတူပါဘဲ....."
Taeyeonရယ်​ပြီး Sulliရဲ့ ​ခေါင်းကို ဖွဖွ​လေးပုတ်​လိုက်​သည်​။

"ဒါနဲ့ ဒီကို ​ကျောင်းသူ အသစ်​​ပြောင်းလာတယ်​တဲ့ ......ဒါ​ပေမယ့်​...."

"ဒါ​ပေမယ့်​ ဘာဖြစ်​လို့လဲ.. ..."

"သူ့ကို စိတ်​ပူလို့ပါ....သူက ချမ်းသာတဲ့ မိသားစုက မဟုတ်​ဘူးတဲ့.....Oppaသိတဲ့အတိုင်းဘဲ ဒီ​ကျောင်းက ဆင်းရဲတဲ့သူ​တွေကို ဘယ်​လိုအနိုင်​ကျင့်​လည်းဆိုတာ...."

Sulli ​ပြောပြီး သက်​ပြင်းချလိုက်​သည်​။ တစ်​ခြားသူကို စိတ်​ပူ​နေတဲ့ Sulliကို ကြည့်​ပြီး Taeyeon ပြုံးလိုက်​သည်​။

"သူ့ကို နှိပ်​စက်​မယ်​သူ​တွေထဲက မင်းက မဟုတ်​ဘူးမလား.....အရမ်းစိတ်​ပူမ​နေပါနဲ့ Sulli yah..."

"Nae....."

Taeyeonတို့ စကား​ပြောရင်း ​ကျောင်းထဲကို လမ်း​လျှောက်​၀င်​လာတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ကို Taeyeon သတိထားမိသွားတယ်

လူပျို​ပေါက်​စ​လေး Taeyeonမှာ ထို​ကောင်​မ​လေးကိုမြင်​​တော့ ရင်​​တွေအရမ်းခုန်​သွားတယ်

Taeyeon နဲ့ ​ကောင်​မ​လေးမှာ အကြည့်​ချင်းဆုံသွားပြီး ​ကောင်​မ​လေးက သူ့ကိုပြုံးပြ​တော့ Taeyeon ရင်​ထဲ ဘင်​ခရာတီးဝိုင်း လှည့်​သလို ၀ုန်းဒိုင်းကြဲဆူ​ညံ​နေသည်

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now