လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-23

1.9K 98 5
                                    

'"Tiffany Hwang Jessica Jung Lee Sunny.....စာ​မေးပွဲ ကျပြန်​ပြီ......သွား ​စာကြည့်​တိုက်​က ​ဆေး​တွေပြယ်​​နေတဲ့ နံရံကို ​ဆေးသွားသုတ်​......."

"Ash....."

ဒီတစ်​ခါ​တော့ Tiffany ​ကောင်းမှု​ကြောင့်​ Jessicaတို့ပါ စာ​မေးပွဲ ကျ​​လေ၏

"ကဲ သူငယ်​ချင်းတို့​ရေ ​ပျော်​​ပျော်​ပါးပါး​ကြီး ​ဆေးသွားသုတ်​ကြတာ​ပေါ့...."

Fany ထရပ်​လိုက်​ပြီး ​ပြောလိုက်​သည်​......

"Hey ငါပါလိုက်​ခဲ့မယ်​​လေ......."

Seolhyunပါ Fanyတို့နဲ့ အတူ စာကြည့်​တိုက်ကို ​ဆေးသုတ်​ဖို့ လိုက်​လာ​လေသည်​.....

Fanyတစ်​​ယောက်​ ဂျစ်​ကန်​ကန်​လူဆိုးမဆို​ပေမယ့်​ သူလုပ်​ရမည့်​အလုပ်​ကို​တော့ ​သေချာလုပ်​သည်

"Jagiya.. .မင်းက​တော့ အမြဲ အံ့သြစရာ​ကောင်း​နေတာဘဲ..."

Fany ကြိုးစားပြီး ​ဆေးသုတ်​​နေရင်း  ရုတ်​တရက်​ သူ့အနားသို့ ကပ်​ကာ​ပြော​သော Taeyeon စကား​ကြောင့်​ လန့်​သွား​လေသည်​....

"Aigoo....ကိုယ်​ပါ မလန့်​ပါနဲ့ အသည်း​လေးရဲ့......."

"Fany ah ​နေမ​ကောင်းဘူးလား မျက်​နှာကြီးလည်း နီရဲလို့.. .."

Seolhyun လည်း စာကြည့်​တိုက်​အတွင်းထဲ ​ဆေးသုတ်​ပြီး​နောက်​ အပြင်​ထွက်​လာ​တော့ ရှက်​ပြီး မျက်​နှာကြီးနီရဲ​နေတဲ့ Fanyကို ​တွေ့​တော့ ​နေမ​ကောင်းဘူးထင်​​နေ၏

"Ah မဟုတ်​....မဟုတ်​ဘူး ဒီတိုင်း ​ရေဆာလို့...."
Fany ညာ​ပြောလိုက်​၏

"ဟင်​ ဒါဆို ​ရေဘူးဝယ်​​ပေးရမလား....Taeyeon Oppaလည်း ရှိ​နေ​တော့ ငါ သူနဲ့သွားဝယ်​လိုက်​မယ်​​လေ...."
Seolhyun Taeyeonကို ကြည့်​ပြီး ​ပြောလိုက်​သည်

"Sorry ကျွန်​​တော်​ လုပ်​စရာရှိ​သေးလို့ မင်းနဲ့ အတူ မလိုက်​နိုင်​ဘူး "

မ​နေ့တုံးက​တော့ သူနဲ့ အတူ ရယ်​​မောပြီး စကား​ပြောခဲ့တဲ့ Taeyeon မှာ ယခု​တော့ ​အေး​စက်​စက်​ကြီး ငြင်းလိုက်​​တော့ Seolhyun ၀မ်းနည်းသွား​လေသည်​။

"Come on..ငါနဲ့သွားဝယ်​မယ်​လာ....."
Seolhyunကို  Sunny ဆွဲ​ခေါ်သွား​လေ၏

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now