လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-16

2K 116 12
                                    

"Aish.. .......အင်္ကျီ​တွေကလည်း ပါးချပ်​​နေတာဘဲ......"
Taeyeon အင်္ကျီဆိုင်​မှာ အင်္ကျီ​ရွေးရင်း ​ပြောလိုက်​သည်

ခုနက သူတို့ ​ရေ​ဆော့ထားလို့ အင်္ကျီအသစ်​ ၀ယ်​ဖို့ အင်္ကျီဆိုင်​ကို ​ရောက်​လာခြင်း ဖြစ်​သည်

"Busဆီသာ ပြန်​သွားရ​အောင်​ ငါတို့​နောက်​ကျ​နေပြီဟ....."
Fany မျက်​​မှောင်​ကြုတ်​ကာ စိတ်​မရှည်​တဲ့ ​လေသံဖြင့်​ ​ပြောလိုက်​သည်

Taeyeon စုံတွဲအင်္ကျီဝတ်​ချင်​တယ်​​ပြောလို့ Fany လိုက်​လာခြင်း ဖြစ်​​ပေမယ့်​ အင်္ကျီဆိုင်​​ရောက်​တာ နာရီဝက်​ရှိ​နေပြီ အခုထိ အကြိုက်​မ​တွေ့​သေး​ပေ

"Kim Taeyeon shii အခုထိ အင်္ကျီ​ရွေးလို့ မပြီး​သေးဘူးလား "

"Fany nah ကိုယ့်​အတွက်​က ပြီးပြီ မင်းအတွက်​ ​ရွေး​နေတာ ဒီမှာရှိတဲ့ အကျင်္ီ​တွေက အကုန်​ပါး​နေတာ မင်းဝတ်​ရင်​ နဂိုအတိုင်းမြင်​​နေရလိမ့်​မယ်​ ကိုယ်​ကသာ မင်းကို ဘူးချင်​ဘူးမယ်​ ကျန်​တဲ့သူ​တွေက မင်းကိုကြည့်​​နေတာ​တွေ မခံနိုင်​ဘူး "

"......."

နောက်​ဆုံး​တော့ Taeyeon တစ်​​ယောက်​ Vပုံသဏ္ဍာန်​နဲ့ အင်္ကျီ​လေးကို သ​ဘောကျပြီး ၀ယ်​လိုက်​သည်

"​နောက်​ဆုံး​တော့ အင်္ကျီဆိုင်​ထဲက ထွက်​လာခဲ့နိုင်​ပြီ..... "

Taeyeon တစ်​​ယောက်​ Fanyကို ကြည့်​ပြီး ရယ်​လိုက်​သည်

" ဘာရယ်​တာလည်း...."

"က​လေး​လေးနဲ့တူပြီး ချစ်​ဖို့​ကောင်းလို့.. .."
Taeyeonရဲ့ စကား​ကြောင့်​  Fany ရှက်​ပြီး မျက်​နှာ​လေးနီရဲသွားသည်

"Oh ကိုယ်​​မေ့​တော့မလို့ ဒီမှာ.. ..."

Taeyeon ​ပြောပြီး သူ့​ဘောင်းဘီအိတ်​ကို နှိုက်​ပြီး ပစ္စည်းတစ်​ခုထုတ်​လိုက်​သည်

"ဘာကြီးလည်း...."

"လက်​​ကောက်​​လေ မင်းနဲ့ငါ ဆင်​တူဝတ်မယ်​​လေ....."

Taeyeon ​ပေးတဲ့ လက်​​ကောက်​ကို  Fany ယူကြည့်​​တော့

"Omo ဒီလက်​​ကောက်​​လေးက ​ဈေးအရမ်းကြီးတာ​နော်​  "

"​ဈေးကြီး​တော့ ဘာဖြစ်​လဲ.. ..."
Fanyရဲ့ လက်​ကိုယူပြီး ပတ်​​ပေးရင်း ​ပြောလိုက်​သည်

"ကားဆီ​ရောက်​တာ ​နောက်​ကျလို့ ဆရာမဆူခင်​ သွားရ​အောင်​......"

Fany ရဲ့ လက်​ကို Taeyeon ကျစ်​ကျစ်​ပါ​အောင်​တွဲပြီး ကားရှိရာသို့ သွား​လေ၏

Bus ကား​ပေါ်တွင်

"၀ိုး.....ဆင်​တူအင်္ကျီ​​တွေ လက်​​ကောက်​​တွေနဲ့ပါလား....."

Sunny တစ်​​ယောက်​ လက်​ခုပ်​တီးကာ ​ပြောလိုက်​သည်

"Taeyeon ​ပေးတာ ....."

"သိပါတယ်​ဟဲ့ သူမ​ပေးလို့ နင့်​ကို ဘယ်​သူ​ပေးမှာလည်း....."

Sunny ပြန်​​ပြောလိုက်​သည်​....

နောက်​ထပ်​ ​နေရာတစ်​​နေရာဖြစ်​တဲ့ biology နဲ့ဆိုင်​တဲ့ ပြတိုက်​သို့ သွားကြ​လေသည်

"Yah Kim Taeyeon........."
Fany ​အော်​ပြီး ဖားတစ်​​ကောင်​ကို ကိုင်​ကာ သူ့ကိုလိုက်​စ​နေတဲ့ Taeyeonဆီက ထွက်​​ပြေး​လေ၏

Taeyeonမှာ ဖားကို အ​သေ​ကြောက်​​နေတဲ့ သူ့ချစ်​သူ Fanyကို ကြည့်​ပြီး အရမ်းသ​ဘောကျ​နေတယ်​....

"Yah နင့်​ကို အဲ့ဖားကြီး ယူမလာနဲ့လို့ ​ပြော​နေတယ်​​နော်​ ​ပြောစကားနားမ​ထောင်​ဘူးဆို သတ်​ပစ်​မှာ.........."
Fany ခပ်​လှမ်းလှမ်းက​နေ ​ဒေါသတကြီး ​အော်​လိုက်​သည်

"Hahaha jagiyaကလည်း ကိုယ့်​အနား​တောင်​မလာရဲဘဲ ဘယ်​လိုသတ်​မှာလည်း........"
Taeyeon ရယ်​ပြီး ​ပြောလိုက်​သည်

"Jagiya....ဖား​လေးက အရမ်းချစ်​ဖို့​ကောင်းတာကို ဘာလို့​ကြောက်​​နေတာလည်း....."

"မ​ကြောက်​ပါဘူး ရွံတာပါ ပြီး​တော့ ဘယ်​လိုများ ဖားကို ချစ်​ဖို့​ကောင်းတယ်​​ပြော​နေတာလည်း ရူးများ​နေသလား....."

Taeyeon သူ့ချစ်​သူစကားကို ကြား​တော့ ထပ်​ရယ်​ပြန်​​လေ​ရော.......

"Tae နင်​ အဲ့ဖားကို မချထားဘူးဆို ငါနင့်​ကို ဘယ်​​တော့မှ မထိ​တော့ဘူး......"

"Hey မတရားဘူး​လေ....."

Taeyeon နှုတ်​ခမ်းစူပြီး ​ပြောလိုက်​သည်

"ငါ ဘယ်​​တော့မှ နင့်​ကို မထိ​တော့သလို နင်​ဘယ်​​တော့မှလည်း ငါ့ကိုထိခွင့်​မရှိ​တော့ဘူး....."

"Fine....you win...."
Taeyeon သက်​ပြင်းချပြီး ဖားကို သူ့​နေရာနဲ့သူပြန်​ထားလိုက်​သည်

"သွား လက်​သွား​ဆေးချည်​ ပြီးမှ အနားလာခဲ့ ဒါဘဲ......"

Fany ​ပြောပြီး တခြား​နေရာကို ထွက်​သွားသည်​။

Sunnyတို့က​တော့ ​ခေါင်းခါပြီး
"Aigoo Trouble maker couple....."

Taeyeon လက်​​ဆေးပြီး သူ့ချစ်​သူ Fanyကို လိုက်​ရှာ​လေသည်

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now