လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-4

2.9K 143 19
                                    

ထမင်းစားဆင်းချိန်​တွင်​ Fanyတို့ အတန်းထဲက​နေ ထမင်းစားဖို့ ထွက်​လာကြသည်​။

"Jagiya......"
Taeyeon ​အော်​လိုက်​ပြီး Fanyဆီကို ​ပြေးလာသည်​။

"What the hell ....နင်​ ဒီကို ဘာလာလုပ်​တာလည်း ...."
Fany မျက်​​မှောင်​ကြုတ်​ပြီး ​မေးလိုက်​သည်​။

"မင်းနဲ့​နေ့လည်​စာ အတူစားချင်​လို့​လေ....."

"ငါက​တော့ နင်​နဲ့မစားချင်​ဘူး.....ကိုယ့်​ဘာသာကိုယ်​ သွားစားစမ်းပါ....."

"မင်း ငြင်းမယ်​ဆိုတာ ကြိုသိထားလို့ အခုလို လုပ်​ပါရ​စေ....."
Taeyeon ​ပြောပြီး Fany ကို ​ပွေ့ချီလိုက်​သည်​။

"Yah....Yah.... ဘာလုပ်​တာလည်း ​အောက်​ပြန်​ချ​ပေး......"

"ငါ....မင်းတို့ သူငယ်​ချင်းကို ခဏ​ခေါ်သွားမယ်​​နော်​.....သိတယ်​မလား အရင်​ရက်​ပိုင်းက သူနဲ့မ​တွေ့ရ​တော့ သတိရလို့......နှစ်​​ယောက်​တည်း...."
Sunny တို့ကို ကြည့်​ပြီး Taeyeon ​ပြောလိုက်​သည်​။

"No problem.. ..​ခေါ်သွားလို့ ရပါတယ်​ Taeyeon shii"

"Fany အခုတ​လော ပိန်​လာလို့ ၀​အောင်​ ​ကျွေးလိုက်​ပါ​နော်​ Taeyeon shii...."

Sicaတို့မှာ ၀မ်းသာအားရ ​ပြော​နေကြ၏....

"Yah...အစုတ်​ပလုတ်​မ​တွေ နင်​တို့....Yah Taeyeon ငါ့ကို ​အောက်​ပြန်​ချ​ပေးစမ်း.....အရူး​ကောင်​....ချီးထုပ်​​ကောင်​......"

Taeyeon က​တော့ နားမ​ထောင်​ဘဲ ​လေ​လေးတချွန်​ချွန်​ဖြင့်​ Fany ကို ​ပွေ့ချီကာ ကန်​တင်းဘက်​ကို သွားသည်​။

"Kim Taeyeon.. ...ငါ နင့်​ကို သတ်​မိ​တော့မယ်​...​အောက်​ပြန်​ချ​​မှာလား....မချဘူး​လား​ပြော..."

Fanyရဲ့ ကျယ်​​လောင်​တဲ့ အသံ​ကြောင့်​ ကန်​တင်းက လူ​တွေလည်း ထူးဆန်းပြီး ၀ိုင်းကြည့်​​နေကြ​တယ်

Fanyကို ထိုင်​ခုံ​ပေါ် Taeyeon ချ​ပေး​တော့ Fany ထွက်​​ပြေးဖို့ ပြင်​လိုက်​သည်​။

"ထွက်​​ပြေးရဲထွက်​​ပြေးကြည့်​.....ကိုယ်​ မင်းကို အပြစ်​​ပေးမှာ​နော်​ ....."

Taeyeon ရဲ့ စကား​ကြောင့် ​Fanyပြန်​ထိုင်​လိုက်​ပြီး Taeyeonကို စိတ်​ထဲက​နေ ကျိန်​ဆဲ​နေ၏

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Where stories live. Discover now