"ကျွန်တော့ကို ကွာရှင်းပေးပါတော့ လူကြီး!"
ရင်ထဲကို စူးရှထက်မြက်သည့် ဓါးချွန်ချွန်နှင့် ထိုးစိုက်လိုက်သည့်အတိုင်း Jonginရဲ့ စကားလုံးတွေက သူ့ရင်ကို နာကျင်အောင့်မျက် စေခဲ့ပါသည်။
"ဘာဖြစ်ရပြန်ပြီလဲ Jongရယ်... မင်းလိုအပ်တာ အားလုံးကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးနေတာပဲ"
"အဟက်!!"
အသက်လေးဆယ်ကျော် သူဌေးကြီး Wu Krisရဲ့ အပြောများကြောင့် တချက် လှောင်ရယ်ပစ်လိုက်ပါသည်။
"ကျွန်တော်လိုချင်တာ ရွှေငွေစည်းစိမ်ဥစ္စာလို့ ခင်များက ထင်နေတာလား"
"ကိုယ်ပေးနိုင်တာ အကုန်လုံး မင်းကိုပေးပြီးသား..."
WJလုပ်ငန်းစုကြီး တခုလုံးကို ဦးစီးလုပ်ကိုင်နေသည့် သွေးအေး ထက်မြက်လွန်းသည့် အမျိုးသားကြီး Wu Kris
ချစ်ရတဲ့ခင်ပွန်းငယ်ငယ်လေးကို ရွှေဆိုရင်ရွှေ ငွေဆိုငွေ အားလုံး စိတ်တိုင်းကျ ပံ့ပိုးပေးနေသည်ပဲ ဒီကောင်လေးက ဘာကိုမကျေနပ်နေတာလဲ
"ကျွန်တော့ကို ခင်များပေးတဲ့အထဲမှာ ယုယကြင်နာမှု မိသားစုရဲ့ ကိုယ်ပိုင်အချိန် အဲ့ဒါတွေပါလား!"
"ကိုယ့်ကို မရစ်ပါနဲ့လား Jongရယ်...! ကိုယ် အလုပ်ပင်ပန်းနေတယ်"
"တချိန်လုံး အလုပ်! အလုပ်! အလုပ်! ကျွန်တော်ခင်များကို စိတ်ကုန်နေပြီ Wu Kris!"
"ငါမပေးနိုင်တဲ့အရာကို ငါရှာတဲ့ပိုက်ဆံနဲ့ အပြင်မှာရှာလိုက်တော့ Kim jongin"
"ဘာ!!! ခင်များဘယ်လိုပြောလိုက်တယ်"
"မင်းကြားတဲ့အတိုင်းပဲ ငါ့ဘ၀တခုလုံးကို အိမ်ထောင့်တာဝန်မှာ မနစ်မြုပ်နိုင်ဘူး!"
"ခင်များက ကျွန်တော့ကို အိမ်ထောင်ရေး ဖောက်ပြန်ခိုင်းနေတာလား Wu Kris"
"အဲ့ဒီလိုပြောနေတာမဟုတ်ဘူး! မင်းလိုချင်တဲ့ အပျော်ကိုရှာခိုင်းနေတာ"
"ကျွန်တော်လိုချင်တဲ့ အပျော်က ခင်များဆီကပဲ လိုချင်တာဆိုရင်ရော"
"Sorry! Jong! ကိုယ့်ဘ၀ကို ယောက်ျားတာဝန် ကလေးတာဝန်တွေ ထမ်းဆောင်ရင်းနဲ့ အကုန်မခံနိုင်ဘူး"