ရင်ခုန်သံ မညာကြေး(14)(Z+U)

1.3K 101 0
                                    

သူ့ရဲ့ ကမ်းလှမ်းချက်ကို Chanyeolတို့ဘက်က လက်ခံပေး၍ Jonginအတိုင်းမသိ ၀မ်းသာရပါသည်။

~~တသက်လုံး ကောင်လေးပေါ် အမှားတွေပြုခဲ့သမျှ အကုန်လုံး မကျေတောင် နည်းနည်းလေးတော့ လျော့စေချင်မိတယ်~~

~~~~~~~~~~~~~~~~~~~~~~~~~~~

Wu Kris ကြားနေရသည့် သတင်းတွေက ရင်ဝကို မီးစနှင့် ထိုးသည့်နှယ် ပူလောင်ခံပြင်းလှပါသည်။

~~ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး မဆုံးရှုံးပါရစေနဲ့ Jongရယ်..~~

~~Jongက ဟိုကောင်လေးနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတယ်ဆို အ၀တ်အစားတွေလည်း ကိုယ်တိုင် စီစဉ်ပေးတယ် ကြားတယ် ကိုယ်ပြောထားသားပဲကွာ ကိုယ်က ဒီဇာတ်လမ်းရဲ့ ဗီလိန်ပါလို့ မင်္ဂလာခန်းမငှားတာလည်း Jongကိုယ်တိုင်ပဲတဲ့ Jongက အဲ့ဒီကောင်လေးကို အဲ့ဒီလောက်တောင် ချစ်တာပဲလား အဟင်း!..Jongက အဲ့ဒီကောင်လေးကို ချစ်သလို ကိုယ်ကလည်းJongကို ချစ်တယ်.... တခြားသူရဲ့ရင်ခွင်မှာ ပျော်မြူးနေမှာကို မကြည့်ချင်လောက်အောင် ချစ်တယ် Jongရယ်~~

ဦးနှောက်ရဲ့ စေစားရာ ဖုန်း contact list မှ သူဌေးယူဟု မှတ်ထားသော ကြေးစားလူမိုက်အဖွဲ့ဆီသို့ သူဖုန်းခေါ်လိုက်ပါသည်။

“ကျွန်တော်တို့ကို အလုပ်အပ်ဦးမလို့လား သူဌေးWu"

“ဟုတ်တယ် သူဌေးယူ အရမ်းခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး Do Kyungsooဆိုတဲ့ ကောင်လေးလက်ထပ်မဲ့ မင်္ဂလာရက်လေး သိချင်လို့ပါ"

“ကောင်းပါပြီ သူဌေးWu ကျွန်တော့တပည့်တွေနဲ့ စုံစမ်းခိုင်းပြီးရင် ဖုန်းဆက်လိုက်ပါ့မယ် ဒါပေမဲ့ ပိုက်ဆံလေးကတော့.....အဟင်း....ဟင်း...ဟင်း"

“ကျုပ်သိပါတယ် သူဌေးယူ! ခင်များတို့တောင်းသလောက် ပေးပါ့မယ် ကျေးဇူးပြုပြီးတော့ မြန်မြန်လေးသာ စုံစမ်းပေးပါ"

“ကောင်းပါပြီ သူဌေး"

သူ သိချင်တဲ့အရာကို စုံစမ်းခိုင်းပြီး၍ Kris ဖုန်းချလိုက်ပါတော့သည်။

“ဟား...ဟား...ဟား..ဟား ကိုယ် မပိုင်ဆိုင်ရတော့တဲ့အရာကို တခြားဘယ်သူမှ မပိုင်စေရဘူး အဲ့ဒါ ကိုယ့်ရဲ့သစ္စာပဲJong"

ရင်ခုန်သံ မညာကြေး(Z+U)(COℳPℓξፐξD)Where stories live. Discover now