“ကျွန်တော်ပြောစရာရှိတယ်"
အိမ်ရှေ့ ဧည့်ခန်းထဲတွင် ထိုင်ပြီး တီဗွီကြည့်နေသော Kim Jonginဆီ သစ်သီးပန်းကန်လေး လှမ်းပေးလိုက်ရင်း သူခွင့်တောင်းလိုက်ပါသည်။
“ပြောလေ Kyungsoo... ကိုယ့်ကို ဘာပြောစရာရှိလို့လဲ"
ထူးထူးဆန်းဆန်း စကားပြောခွင့် တောင်းနေသော Kyungsooကို သူပြန်မေးလိုက်ပါသည်။
“ဟို!!ကျွန်တော် အိမ်ပြောင်းရမယ်ထင်တယ်"
“ဘာ!!! ဘာပြောလိုက်တယ် မင်းငါ့ဆီက ထွက်သွားချင်နေပြီလား Do Kyungsoo!! ငါ့ထက်သာတဲ့လူနဲ့ မင်းတွေ့နေပြီလား ငါ့ကိုပြောစမ်း အဲ့ဒီကောင်က ဘယ်ကလဲ ဘယ်မှာတွေ့တာလဲ ပြောစမ်းပါ ငါ့ကိုမြန်မြန်ပြောစမ်းပါ"
သူ့အသံက ဒေါသကြောင့် ခက်ထန်မာကျောသွားသည်။
“မဟုတ်ဘူး Kim Jongin... မဟုတ်ဘူး!"
“အဲ့ဒါဆို ဘာဖြစ်လို့လဲ ဘာကြောင့်မလို့ အိမ်ပြောင်းတဲ့အကြောင်း ပြောရတာလဲ"
Kim Jonginက ဒေါသဖြင့် သူ့ပခုံးကို ကိုင်ဆောင့်နေသောကြောင့် သူ့တစ်ကိုယ်လုံး လှုပ်ခါနေပါသည်။
“မဟုတ်ဘူး..! ကျွန်တော်ရှင်းပြပါရစေ"
“ပြောစမ်း Do Kyungsoo ငါကျေနပ်အောင် ရှင်းပြစမ်းပါ"
“လွန်ခဲ့တဲ့ တစ်ပတ်က ဒီတိုက်ခန်းကို ခင်များရဲ့အမျိုးသား Wu Krisက အိမ်ရောင်းဝယ်ရေး အကျိုးတော်ဆောင် တစ်ယောက်နဲ့ ရောက်လာခဲ့တယ်..."
~~ဘယ်လို!! Wu Krisက ဒီတိုက်ခန်းကို ဘယ်လိုသိသွားပါလိမ့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ကိုဘာမှတော့ မပြောဘူး~~
“အဲ့ဒီအကြောင်းကို ကိုယ့်ကို ဘာဖြစ်လို့ မပြောပြတာလဲ Kyungsooရယ် သူက မင်းကို ဘာလုပ်သွားသေးလဲ ဘာတွေပြောသွားသေးလဲ"
“ကျွန်တော် ခင်များကို ပြောမပြတာက စိတ်ဆင်းရဲမှာစိုးလို့ပါ... အစ်ကိုကြီးက ကျွန်တော့ကို ဘာမှတော့မလုပ်သွားပါဘူး.... ဒီတိုက်ခန်းကိုတော့ ရောင်းလိုက်ပြီ! သောကြာနေ့ အရောင်းအ၀ယ်စာချုပ် ချုပ်ကြတော့မယ် အဲ့ဒါဆို ကျွန်တော်ကထွက်သွားမှရတော့မှာပေါ့ အဲ့ဒါကြောင့် ကျွန်တော် အိမ်ပြောင်းရမယ်လို့ ပြောတာပါ"