ရင်ခုန်သံ မညာကြေး(Final((Z+U)

2.7K 150 5
                                    

“သတို့သားလေးက ချောလိုက်တာ.... အဲ့ဒါကြောင့်လည်း ဟိုသတို့သားကြီးက ငုံထားမတတ် ချစ်နေတာနေမှာ"

မိတ်ကပ်ပြင်ပေးပြီး အ၀တ်အစားလဲပေးနေသည့် အကူမိန်းကလေးများရဲ့ စကားများကြောင့် သူ့မျက်နှာ ပိုပြီးထူပူလာခဲ့ပါသည်။

“ကျွန်တော့ကို ပြင်ဆင်ပြီးသွားပြီမလား"

“ပြီးသွားပြီလေ သတို့သားလေး...ဘာဖြစ်လို့လဲ"

“ကျွန်တော် စိတ်တွေ အရမ်းလှုပ်ရှားနေလို့ တစ်ယောက်တည်းနေချင်လို့ပါ"

“အာ_____ဟုတ်တာပေါ့ ဒီနေ့မှ မင်္ဂလာဆောင်တာဆိုတော့လည်း စိတ်လှုပ်ရှားမှာပေါ့လေ အဲ့ဒါဆိုလည်း ကျွန်မတို့ကို ခွင့်ပြုပါဦးနော်"

“ကောင်းပါပြီ"

~~~~~~~~~~~~~~~~~~~~~~~~~~~

Do Kyungsooတစ်ယောက်တည်း ရှိနေသည့် သတို့သား နားနေခန်းထဲသို့ Kris တိတ်တိတ်လေး ၀င်လာခဲ့ပါသည်။

မှန်အရိပ်ထဲတွင် မြင်လိုက်ရသော မထင်မှတ်ထားသည့် ပုံရိပ်ကြောင့် Kyungsooလန့်သွားခဲ့ပါသည်။

ဟိုလူကြီး! သွေးအေးအေးနဲ့ ရက်စက်တတ်သော Kim Jonginရဲ့ လူကြီးပါ

“ခင်__ခင်များ ဘာလာလုပ်တာလဲ ကျွန်တော့အခန်းထဲက အခုချက်ချင်း ထွက်သွားစမ်း"

မီးတောက်မီးလျှံတွေ ထွက်ကျလာမတတ် စူးစူးဝါးဝါးစိုက်ကြည့်ပြီး ချဉ်းကပ်လာခဲ့သော Wu Krisကြောင့် Kyungsooထိုင်နေသည့် ထိုင်ခုံမှ မတ်တတ်ရပ်လိုက်ပါသည်။

“မင်းက တော်တော် အသက်ပြင်းတာပဲ Do Kyungsoo"

“ခင်များ အခုချက်ချင်း ကျုပ်အခန်းထဲက ထွက်သွားလို့ပြောနေတယ်နော်"

“အဟင်း...ဟင်း...ဟင်း...ဟင်း ထွက်သွားမှာပါ ထွက်သွားမှာပေါ့ ဒါပေမဲ့ ဒီအတိုင်းတော့ မဟုတ်ဖူး မင်းရဲ့အသက်ကို နှုတ်ပြီးမှ ထွက်သွားမှာ နားလည်လား"

ဟိုလူကြီးက ပြောပြီးသည်နှင့် ကုတ်အင်္ကျီအိတ်ကပ်ထဲမှ မဟူရာရောင် တောက်ပနေသော သေနတ်တစ်လက်ကို ထုတ်ယူလိုက်ပါသည်။

“ခင်များ အထင်လွဲနေပြီ"

“ဟား...ဟား...ဟား....ဟား ငါက အထင်လွဲတယ် ဟတ်လား အဟင်း...ဟင်း....ဟင်း....ဟင်း တစ်ခါပဲ အလိမ်ခံတော့မယ်Do Kyungsoo! မင်းကိုပြန်တွေ့လို့ ငါချစ်တဲ့ ငါ့ရဲ့ယောက်ျားက ကွာရှင်းဖို့ စီစဉ်ခဲ့တာ မင်းပြန်ပေါ်လာလို့ Jongကငါ့ကို စွန့်ပစ်ခဲ့တာ....မင်းကိုသိပ်မုန်းတယ် Do kyungsoo! ငါမင်းကိုသိပ်မုန်းတယ်"

ရင်ခုန်သံ မညာကြေး(Z+U)(COℳPℓξፐξD)Where stories live. Discover now