ရင်ခုန်သံမညာကြေး(8)(Z+U)

1.6K 123 6
                                    

နေ့ကိုရက်စား ရက်ကိုလစား လကိုနှစ်စားနှင့် အချိန်တွေ အတော်အသင့် ကုန်သွားခဲ့ပါပြီ

မန်နေဂျာ Park Chanyeolပင် Wuကုမ္ပဏီက ထွက်လိုက်တာ နှစ်,နှစ်ခန့် ရှိခဲ့ပြီပဲ

မြို့ပေါ်မှာ ရှိရှိသမျှ သူပိုင်ဆိုင်တာလေးတွေ ရောင်းချခဲ့ပြီး မွေးရပ်မြေ နယ်မြို့လေးမှာ ကြက်ကြော်ဆိုင်လေးဖွင့်ကာ ဇာတ်မြုပ်နေထိုင်နေသည် မဟုတ်ပါလား

"မင်း တာဝန်ယူသလား မန်နေဂျာpark"

"ကျွန်တော့အသက်နဲ့ ရင်းပြီး တာဝန်ယူပါတယ် သူဌေး"

"ကောင်းပြီလေ Do Kyungsooသာ Jonginရဲ့အရှေ့ ပြန်ပေါ်လာခဲ့မယ်ဆိုရင် မင်းပါ ဟိုကောင်လေးနောက် အဖော်လိုက်သွားရမယ်ဆိုတာ နားလည်ထားပါ"

"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ဒီမှာ ကျွန်တော့ရဲ့ ကုမ္ပဏီနှုတ်ထွက်စာ ကျွန်တော့ကို ခွင့်ပြုပါဦး"

"ကောင်းပါပြီ Park Chanyeol ကံကောင်းပါစေ"

~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟေ့!! ကောင်လေး! အဲ့ဒါတွေ လျှောက်မလုပ်နဲ့လေကွာ"

Chanyeolတယောက် မြို့ပေါ်မှ သွားဝယ်လာသော ဆိုင်အတွက် လိုအပ်သည့် ပစ္စည်းပစ္စယတွေကို ကားပေါ်မှချနေရင်းနှင့် ကောင်လေးကို လှမ်းအော်နေရပြန်ပါသည်။

"ဘာမှမဖြစ်ပါဘူး လူကြီးရဲ့ ဒီလောက်တော့ ကျွန်တော်လုပ်နိုင်ပါတယ်"

ကောင်လေးကလည်း ချစ်စဖွယ်အပြုံးလေးပြုံးလိုက်ရင်း သူ့ကို ပြန်အော်နေပြန်ပါတယ်

"လုပ်နိုင်နိုင် မလုပ်နိုင်နိုင်ကွာ ကိုယ့်စကားကို နားထောင်စမ်းပါ ကောင်လေးရာ...ပေး!ပေး! သြော်...ကဲ....အဲ့ဒီ ပစ္စည်းတွေကို အောက်ကိုချထားစမ်းပါကွာ"

"ရပါတယ်ဆို လူကြီးကလည်း"

"ကောင်လေး!!ကိုယ့်စကား နားမထောင်ဘူးလား"

လူကြီးက ခပ်တည်တည်ဖြင့် ပြောလာပြီဖြစ်သောကြောင့် Kyungsooလည်း လက်ထဲတွင်ကိုင်ထားသော စက္ကူပုံးလေးကို အောက်ချလိုက်ရပါတော့သည်။

"ရပြီမလား!!!တော်ပြီ ခင်များကို ဘာမှကူမလုပ်တာ့ဘူး ဒီအတိုင်းပဲထိုင်နေတော့မယ်"

ရင်ခုန်သံ မညာကြေး(Z+U)(COℳPℓξፐξD)Where stories live. Discover now