ရင်ခုန်သံမညာကြေး(11)(Z+U)

1.4K 117 0
                                    

Barတွင် Park Chanyeolနှင့် တခွက်လောက်သောက်ပြီးချိန်မှာတော့ Do Kyungsooနဲ့ ပတ်သက်၍ သူ လုံးဝမသိခဲ့သော အကြောင်းအရာများသိခွင့်ရခဲ့ပါသည်။

“ခင်များယောက်ျား Wu Krisက သိပ်ကြောက်ဖို့ကောင်းတယ် Kim Jongin!! ကျုပ်နဲ့ D.O.ရဲ့ဘ၀ အေးချမ်းစေဖို့အတွက် D.O.ကို မပတ်သက်ပါနဲ့တော့ ခင်များမေ့ပစ်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ ကျုပ်ပြောချင်တာ အဲ့ဒါလေးပါပဲ ကျုပ်ကို ခွင့်ပြုပါဦး Kim Jongin"

Park Chanyeolက သူ့ကို Kyungsooနှင့် မပတ်သက်ဖို့ အတန်တန်အထပ်ထပ်မှာခဲ့ပြီး ပြန်သွားခဲ့ပါသည်။

နောင်တတွေ နာကျင်ကြေကွဲရှက်ရွံမှုတွေ တပွေ့တပိုက်နှင့် Kim jonginဆိုသည့် သူကတော့ barထဲမှာ တစ်ယောက်တည်း သောက်နေမြဲ သောက်နေဆဲ ကျန်ခဲ့ပါတယ်...

“Wu Kris...ခင်များအရမ်းရက်စက်တယ်..."

~~~~~~~~~~~~~~~~~~~~~~~~~~~~

မူးရူးပြီး ခေါင်းမထောင်နိုင်တော့မှ သူထိုင်ရာက ထပါသည်။

“သူဌေး ပြန်တော့မလား"

“ကျုပ်အိမ်မပြန်ဘူး...မန်နေဂျာကြီး"

“ဟာ!!!အဲ့ဒီလို မလုပ်ပါနဲ့ သူဌေးရယ် အစ်ကိုက ဖုန်းဆက်ပြီးမေးနေပြီ"

“ဟုတ်လား!!ချစ်ကိုကိုက ကျုပ်ကို ဖုန်းဆက်မေးတယ်ပေါ့ မေးပါစေ မေးပါစေ!! အဟက်ဟက်!!အလကားလူကြီး အသည်းနှလုံးမရှိတဲ့လူကြီး မုန်းတယ်Wu Kris... ခင်များကို ကျုပ်သိပ်မုန်းတယ်"

“ကဲပါ သူဌေးရယ်..ကျွန်တော်သူဌေးကို ဘယ်ပို့ပေးရမလဲ"

“ငါ့ရဲ့ကွန်ဒိုတိုက်ခန်းကိုပဲ ပို့ပေးပါ"

“ဟုတ်ကဲ့ ကောင်းပါပြီသူဌေး"

~~~~~~~~~~~~~~~~~~~~~~~~~~~

မန်နေဂျာကြီးက သူ့ကို တိုက်ခန်းရှေ့ထိ လိုက်ပို့ပေးခဲ့ပြီး ပြန်သွားပါသည်။

ချစ်သူရဲ့ အရိပ်အငွေ့တွေနဲ့ ပြည့်နှက်သော တိုက်ခန်းတံခါးလေးရဲ့ တံခါးကို မပြောင်းလဲသော လျှို့ဝှက် ဂဏန်းများနှိပ်လိုက်ပြီး ၀င်လာခဲ့ပါတော့သည်။

~~“ဟော!! Kim Jonginရောက်လာပြီ!! မနက်ကတည်းက မျှော်နေတာ... ကျွန်တော်လေ ခင်များကို အရမ်းသတိရနေတာ"~~

ရင်ခုန်သံ မညာကြေး(Z+U)(COℳPℓξፐξD)Where stories live. Discover now