ရင်ခုန်သံ မညာကြေး (7)(Z+U)

1.6K 141 11
                                    

ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ဆယ်နာရီထိုးရန် ဆယ့်ငါးမိနစ်ခန့်အလို ဟိုကောင်လေးရှိရာ Jonginရဲ့ ကွန်ဒိုတိုက်ခန်းပေါ်သို့ Krisတက်လာခဲ့ပါသည်။

မနက်ရှစ်နာရီမခွဲခင်ကတည်းက တိုက်အောက်တွင် ရောက်နေခြင်းဖြစ်သည်။

ဒီနေ့ Jonginရဲ့ရင်ခွင်ထဲက ထိုကောင်လေးကို အပြီးအပိုင်မောင်းထုတ်မဲ့နေ့

ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ Jongရယ် ကိုယ်လေမောင့်ကို မစွန့်လွတ်နိုင်လို့ပါကွာ

အစီအစဉ် အကွက်ချထားသည့်အတိုင်း မောင်လာမဲ့အချိန်ကို မှန်းပြီး ကောင်လေးရှိရာ တိုက်ခန်းပေါ်သို့ တက်လာခဲ့ခြင်းဖြစ်ပါသည်။

•• knock •• knock ••

တံခါးခေါက်သံကြောင့် Kyungsoo နာရီကိုမော့ကြည့်မိတယ်

ဆယ်နာရီထိုးရန် ဆယ်မိနစ်ခန့် လိုပါသေးသည်။

ဒီနေ့ Kim Jongin သူ့ဆီလာတာ စောသားပဲ

ဘယ်သူလဲလို့ မေးမနေတော့ပဲ တံခါးလေးအား ဖွင့်ပေးလိုက်တယ်

"ဟင်!!! အစ်ကိုကြီး!"

အခန်းတံခါးဝမှာတွေ့လိုက်ရသည်က Kim Jonginရဲ့ သက်ဆိုင်သူကြီး...

"ကိုယ့်ကို အထဲပေးမ၀င်တော့ဘူးလား Do Kyungsoo"

တံခါးပေါက်မှာရပ်ပြီး ကြောင်ကြည့်နေတဲ့ Jongရဲ့ အသည်းကြော်လေးကို သူခနိုးခနဲ့ မေးလိုက်ပါသည်။

"ဟာ!!!sorry ပါ အစ်ကိုကြီးရယ် ၀င်လာခဲ့ ၀င်လာခဲ့ပါ''

တံခါးလေးကို ဆွဲဖွင့်ပေးလိုက်ပြီး Kyungsoo နံဘေးကပ်ပေးလိုက်တော့ ဟိုလူကြီးက သူဖယ်ပေးသည့် လမ်းအတိုင်း အိမ်ထဲဝင်လာခဲ့ပါသည်။

°~°~°~°~°~°~°~

ဆယ်နာရီထိုးရန် မိနစ်အနည်းငယ်လိုနေသေးသဖြင့် Kris အိမ်ထဲဝင်လာခဲ့ပြီး ဟိုနေရာကြည့်သလိုလို ဒီနေရာကြည့်နေသလိုလိုနဲ့ အချိန်ဆွဲနေလိုက်ပါသည်။

"ထိုင်လေ အစ်ကိုကြီး! ရေနွေးသောက်မလား"

"ရပါတယ် ခက်ခဲတာတွေမလုပ်ပါနဲ့"

•• knock •• knock ••

"ကောင်လေး...! Do Kyungsoo..! ကိုယ်ပါ တံခါးဖွင့်ပါဦး"

ရင်ခုန်သံ မညာကြေး(Z+U)(COℳPℓξፐξD)Where stories live. Discover now