“ကောင်လေးရေ!!ကိုယ် အော်ဒါ သွားပို့လိုက်ဦးမယ် ဆိုင်ခဏစောင့်ပေးထားဦး ဘာမှလျှောက်မလုပ်နဲ့နော် ၀ယ်သူလာလည်း စောင့်ခိုင်းထား ဆီပူတွေ လျှောက်မကိုင်နဲ့ ကြားလား"
အပြင်ကို အော်ဒါပို့ခါနီးတိုင်း မရိုးနိုင်တဲ့ မှာနေကြစကားလေးကို မှာပြီး ဆိုင်ကယ်ပုလေးစီးကာ Chanyeol ထွက်လာခဲ့ပါသည်။
ဒီနှစ်ပိုင်း သူတို့ဆိုင်လေးကို လူသိများလာခဲ့သည်မဟုတ်လား
မြို့ပေါ်က လူတချို့ပင် ပျော်ပွဲစားထွက် လာစားရသည်အထိ လူသိများလာခဲ့ပါသည်။
အဲ့ဒါကို သူ မကြိုက်..! ဒါဟာ ကောင်းသောကျော်ကြားခြင်းမဟုတ် ဒီနယ်လေးက ပြောင်းရွေ့သွားဖို့ နီးကပ်လာပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား...
ပူပင်စိတ်တွေနှင့် ကောင်လေးကို လက်ထပ်ခွင့်တောင်းတိုင်းလည်း ကောင်လေးဆီက မရေမရာမသေမချာ အေးတိအေးစက် အဖြေများသာ
“ကောင်လေး ကိုယ်တို့လက်ထပ်ကြရအောင်လေ"
“ကျွန်တော်စိတ်မကောင်းပါဘူး အားနာပါတယ် လူကြီးရယ် ကျွန်တော့စိတ်တွေ အဆင်သင့်မဖြစ်သေးလို့ပါနော်"
ထိုစကားလေးသာပြောပြီး ရှောင်ထွက်သွားတတ်သည့် ကောင်ကလေးပါ
“ကိုယ့်ကို မယုံကြည်လို့လား ကောင်လေး"
“ဟာ!!! အဲ့ဒီလို မဟုတ်ပါဘူး လူကြီးက ကျွန်တော့အပေါ် ဘယ်လောက်ထိချစ်လဲဆိုတာ ကျွန်တော်ခံစားလို့ရပါတယ်"
“ဒါဆို ဘာဖြစ်လို့ ကိုယ်လက်ထပ်ခွင့်တောင်းတိုင်း ငြင်းနေရတာလဲ"
“ကျွန်တော့ကိုယ်ကျွန်တော် မယုံကြည်နိုင်လို့ပါ လူကြီးကို ကျွန်တော့ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲတောင်းဆိုလာတဲ့ နေ့လေးထိတော့စောင့်ပေးပါနော်"
“အင်းပါကွာ ကောင်လေးကို ကိုယ်အတင်း မတောင်းဆိုချင်ပါဘူး ဒါပေမဲ့ ကိုယ့်ကို မြန်မြန်လေးတော့ စဉ်းစားပေးပါနော်"
“ဟုတ်ကဲ့ပါ"
~~~~~~~~~~~~~~~~~~~~~~~~~~~
“ဘာပြောတယ် မန်နေဂျာကြီး"