💛 အပိုင်း ၁ 💛

140K 6K 272
                                    

ကြယ်​တာရာ ....

ငယ်​ငယ်​ကတည်းက အခြား အငယ်ဆုံးသားသမီး​​တွေလို မိသားစု​ အ​​ပေါ် အရမ်းကြီး ချွဲနွဲ့တာမျိုး မရှိခဲ့​ပေ ။ ​မောင်​နှမ
သုံး​ယောက်​ရှိ​တာဆို​ပေမယ့်​ အကြီးနှစ်​​ယောက်​နဲ့က အသက်​ကလည်း အ​တော်​ကွာခြားသည်​မို့ ကစားရင်​လည်း တစ်​​ယောက်​တည်း၊ ​ကျောင်းသွားရင်​လည်း တစ်​​ယောက်​တည်း၊ အမြဲတမ်းလိုလို တစ်​​ယောက်​တည်း ဖြစ်​​နေတတ်​သည်​။

သူငယ်​ချင်း​တွေရလာ​တော့လည်း ရှိတဲ့ သူငယ်​ချင်းက လက်​ချိုး​ရေလို့​တောင်​ ရသည်​မို့

သူတို့ကို အရမ်းလည်းချစ်​သလို ၊ အရမ်းလည်းသံ​ယောဇဉ်​ကြီးပြီးတွယ်​တာတတ်​သည်​။

တဖြည်းဖြည်း နှစ်​​တွေကြာလာသည်​နှင့်​အမျှ
တာရာတစ်​​ယောက်​ ဆယ်​တန်းတက်​ရမည့်​အရွယ်​သို့
ရောက်​ရှိလာခဲ့ပြီ ဖြစ်​သည်​။

တာရာ့အ​မေက တာရာငယ်​ငယ်​ကတည်းက 
သွေးတိုးပြီး​လေဖြတ်​ထားသည်​မို့ နာတာရှည်​​ရောဂါကို ခံစား​နေရပြီး ​ရောဂါရင့်​မလာ​စေရန်​ ​ဆေး​သောက်​​နေရသည်​။

အ​ဖေက တာရာ ဆယ်​တန်းမှာ တစ်​ခုခုမှားယွင်းသွားမည်​ကို စိုးရိမ်​၍ ကိုးတန်း​ဖြေပြီးပြီးချင်း ကိုယ်​ပိုင်​အထက်​တန်း​ကျောင်းတစ်​​ကျောင်းတွင်​ ​ဘော်​ဒါ​နေ​စေခဲ့သည်​။

ထို​ကျောင်း၌ သူငယ်​ချင်းအသစ်​​တွေ အများကြီးရခဲ့သည်​။ စည်းကမ်းတင်းကျပ်​​သော ​ကျောင်းဖြစ်​၍ ​ယောက်ျား​လေး၊ မိန်းက​လေး အချင်းချင်း စကား​ပြောခွင့်​မရှိ။

ထို​ကျောင်းက စာအသင်​အပြလည်း ​ကောင်းသလို စည်းကမ်းတစ်​ခုကိုလည်း တင်းတင်းကျပ်​ကျပ်​ ထုတ်​ပြန်​ထားသည်​။

ထိုစည်းကမ်းက​တော့ ' ရည်းစားမထားရ ´ ဆိုသည့်​ အချက်​ပင်​ ဖြစ်​သည်​။

တာရာ့အတွက်​​တော့ ထိုစည်းကမ်းက တကူးတက လိုက်​နာရ​လောက်​သည်​အထိ မလိုအပ်​​ပေ။

သို့​သော်​ ပြသာနာတစ်​ခု မစတင်​လာခဲ့ချိန်​အထိသာ
အဆင်​​ပြေခဲ့သည်​ ။

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now